Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 21
-------------
၀မ်မျိုးရိုးဘက်ကမိသားစုတွေ့ဆုံပွဲလုပ်တော့ ရှောင်မျိုးရိုးဘက်က
လည်းအားကျမခံလိုက်လုပ်သည် ဒီအတိုင်းနှစ်တိုင်းပြိုင်ဆိုင်
လာခဲ့တာပဲကို ဒါကြောင့်ပဲ ဒီနေ့ညလည်းပွဲတက်ရဦးမည်ပင်
လောဆယ်သူတို့နှစ်ယောက်လုံးကရှောင်အိမ်တော်ရဲ့အရှေ့
ရောက်နေလေပြီ မြို့အုပ်၀မ်ရဲ့ နက်ခ်တိုင်ကရွဲ့စောင်းနေသလို
ကြီးရှောင်ကျန့်မြင်နေတာကြောင့် နက်ခ်တိုင်ကိုဖြည်လိုက်သည်။"မြို့အုပ်ဝမ်....ဟိုရောက်ရင်လေ ပါးပါးကဘာပဲလာပြောပြော
ဘုကလန့်လိုက်မပြောပါနဲ့နော်""ဘာကြောင့်လဲ"
ရှောင်ကျန့်ကနက်ခ်တိုင်ကိုတပ်ပေးကာ ပုခုံးနှစ်ဖက်လုံးကို
လက်နဲ့အသာလေးခါပေးလိုက်သည်။"ကျန့်ကျန့်ယောကျာ်းက အရမ်းလိမ္မာပါတယ်ဆိုပြီးပြချင်လို့ပေါ့ဗျ"
ရှောင်ကျန့်ကပြုံးပြလို့သူ့လက်ကိုပဲကိုင်ထားကာ ရှောင်အိမ်တော်
ထဲခြေလှမ်းလှမ်းလိုက်သည် ရှောင်မျိုးရိုးဘက်က လွတ်လပ်တာကြောင့် ရိုးရာ၀တ်စုံတွေဘာညာမလိုဘူး ၀မ်မျိုးရိုး
ထက်သာချင်လို့ခေတ်ဆန်တဲ့ အတိုင်းပဲ၀တ်တယ် ။အထဲမှာတော့လူကြီးတွေကအလယ်ဘက်ကထိုင်ခုံတွေမှာထိုင်ပြီး
ကလေးတွေတစ်သိုက်က ဟိုးဘက်ခပ်လှမ်းလှမ်းမှာထိုင်နေကြတယ် ကလေးတွေလည်းများ
ရှာသား ၁၅ယောက်လောက်အနည်းဆုံးရှိမည်ထင်သည်။"ကလေးတွေကိုလည်း အပြစ်မမြင်နဲ့နော် မြို့အုပ်၀မ်"
"အင်း"
"ရိုက်ချင်ရင် ရိုက်ချလိုက် ကျန့်ကျန့်အားပေးတယ်"
"...."
"ပြန်လာပါပြီ!!"
"ရေး!!!ဒေါ်လေး...ဦးဦး!"
ကလေးတွေကယခုမှ၀င်လာသော လင်မယားနှစ်ယောက်စီအုပ်လိုက်ကြီးပြေးသွားကြသည် ထိုထဲမှာ
မကြီးမငယ်ရှောင်ကျန့်ကရှေ့ဆုံးက ။"ကျန့်ကျန့်အတွက်လက်ဆောင်ပါလား...လက်ဆောင်ပါလား"
"ပါတယ် ပါတယ် အကုန်လုံးအတွက်ပါတယ် ထိုင်ပါရစေဦးဟယ်"
YOU ARE READING
Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)
Fanfictionမြို့အုပ် ficကိုမှ AOB typeလေးရေးကြည့်ထားတာပါ အားပေးကြပါဦးနော်