Betaယောင်ဆောင်သော မြို့အုပ်ကတော်
Part 48
__________
ပြက္ခဒိန်လေးကိုကြည့်လိုက်တော့မှ သူ့မွေးနေ့ရောက်တော့
ပေမည် မောင်ကဘာပေးမလဲတော့မသိပေမဲ့လည်း တော်တော်လေးမျှော်လင့်မိသည် မနှစ်ကတော့ ဒိုင်ယာရီ
စာအုပ်လက်ဆောင်ပေးတယ် ကိုယ်နဲ့အမှတ်တရလေးတွေကို
ချရေးထားပေးတဲ့လေ ။"ပါပါ...ဖေဖေ စောင့်နေပီ"
"အင်း...သွားကြရအောင်..."
စော်အောကိုကားနောက်မှာထိုင်ထားခိုင်းပြီးတော့သူက
တော့မောင်နဲ့အရှေ့မှာထိုင်သည် ဟိုနှစ်ယောက်ကတော့အိပ်နေလို့ထားခဲ့သည်။"ပါပါ...အဲ့မှာ..ထိုင်မို့..."
"မရဘူး...ဒါလူကြီးတွေထိုင်တဲ့နေရာ..."
"ဟွန်း...ဖေဖေ...အဲ့ တာကြီး လှည့်မို့"
ကားမောင်းနေလို့ ကားစတီယာတိုင်လှည့်နေပါတယ်ဆိုမှ
သူလည်းလှည့်ချင်နေသည်တဲ့လေ ဒီတစ်ခါလည်းရှောင်ကျန့်က၀င်တားပြန်တာပဲ။"မရဘူး...အဲ့တာလူကြီးတွေပဲ လှည့်ရတာ"
"...."
"လာ...ဖေဖေ့စီကို..."
လမ်းဘေးမှာခဏရပ်လို့ စော်အောကို နောက်ပြန်လှည့်လို့ချီကာပေါင်ပေါ်တင်လိုက်ပြီး စတီယာကိုအသင့်ကိုင်ထားသော
စော်အောလက်ပေါ်သို့ မြို့အုပ်၀မ်လက်တွေကအုပ်ကိုင်လာသည်။"သွားရအောင်..."
"အွန်း..."
"ဟွန်း...မြို့အုပ်၀မ်တို့များ...သူ့သားကိုအလိုလိုက်နေတယ်"
"တစ်ခါတစ်လေမှပါအချစ်ရယ်"
"ဖေဖေ...သားကို ချိလား"
"ချစ်တာပေါ့...မွှ..."
မြို့အုပ်၀မ်ကစော်အောခေါင်းလေးကိုနမ်းလိုက်တော့
စော်အောက ရှောင်ကျန့်စီလှည့်ကာ ပြောင်ပြသည် ဒီဟာလေသူမွေးလို့လည်းလူဖြစ်လာသေးတယ် သူ့ချစ်ချစ်ကိုလာလုနေတယ်။အတော်လေးသွားပြီးတဲ့နောက်မှာတော့ ရှောင်းအိမ်တော်စီ
ရောက်လာခဲ့တယ် ဘာလို့မှန်းတော့မသိပေမဲ့လည်းရှောင်ကျန့်ကသွားလည်ချင်တယ်ဆိုလို့သာ။
YOU ARE READING
Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)
Fanfictionမြို့အုပ် ficကိုမှ AOB typeလေးရေးကြည့်ထားတာပါ အားပေးကြပါဦးနော်