P_1

869 95 29
                                    

-"ကဲ လောင်းကြေးအတိုင်းပဲပေါ့..."

လူသွားလူလာပြတ်သည့်ရပ်ကွက်တစ်ခုအတွင်း၌
ကားတွေပတ်ပတ်လည်ရပ်ထားသည့်အလယ်
ဟိုဘက်အဖွဲ့နဲ့ဒီဘက်အဖွဲ့
အုပ်စုဖွဲ့မျက်နှာချင်းဆိုင်နေကြတဲ့လူငယ်တစ်စုရဲ့
အကြည့်တွေ...စလာတဲ့စကားတွေအရ
ဘယ်လိုမှလူကောင်းလေးတွေမဖြစ်နိုင်ပါ။

ညဆယ်နာရီဆိုတဲ့အချိန်တစ်ခုမှာ
ရမ်းရမ်းကားကားပုံစံတွေဖြင့်
ရန်ပွဲတစ်ခုစီဦးတည်နေမှန်းမြင်ရုံနဲ့သိနိုင်ပါသည်။

-"ဟမ် လောင်းတာလား
ဘယ်တုန်းကလဲ
ဘာတွေလောင်းထားလို့လဲ"

ရှုံးထားလျက်နဲ့ခပ်တည်တည်ပဲမျက်နှာ
ပေါ်တင်လာပြောင်နေတဲ့ကောင်တွေကို
Jeonခနဲ့သလိုရယ်ပြလိုက်မိသည်။

အကွက်တွေကရိုးအီနေပါပြီ။

-"မင်းတို့သောက်အချိုးတွေကို
ငါထင်သားပဲ...
ဒီလိုအချိုးတွေပဲချိုးမယ်မှန်းသိလို့
မရ ရတာယူဖို့ငါလာခဲ့တာ"

-"စိတ်မကောင်းပေမဲ့
မင်းလိုချင်တိုင်းပေးရအောင်
ငါတို့က မင်းအမေလင်...
အာ ဒဲ့ပြောရရင် ‌မင်းဖအေမဟုတ်ဘူးလေ"

ထိုစကားအဆုံးသတ်
နှုတ်ခမ်းပါးဆီကစီးကရက်ကို
ဘေးဘက်ဆီလွှင့်ပစ်လိုက်၍
ပုခုံးပေါ်တင်ထားသောသံတုတ်ကို
ဆုပ်ကိုင်ထားသောJeonလက်တွေ
ပိုပြီးတင်းကျပ်သွားခဲ့သည်။

သိပ်ကိုစိတ်တွေဆွဲဆန့်ထားရပါသည်။

နှုတ်ခမ်းကငွေရောင်အကွင်းလေးကိုပဲ
လျှာဖျားနဲ့ခပ်နာနာဆော့ကစားကာ
ရယ်နေလိုက်ရင်း မျက်နှာတွေအရမ်း
လာပြောင်ကြတော့လည်း
ကောင်းပါတယ်လေ...အပျင်းပြေတာပေါ့...

-"မင်းတို့ကြားလိုက်လား
ခွေးစကားတွေပြောသွားတာ"

-"ကြားတာပေါ့...ကြားတာပေါ့
ပြတ်ပြတ်သားသားကြီး
ရှုံးသွားတာကို မျက်နှာပြောင်ရဲတဲ့
အရှက်မဲ့တွေမလား..."

Jeonသည်သူဦးဆောင်လာသော
သူငယ်ချင်းတွေဘက်လှည့်ကာ
မထီတထီလေးဖဲ့ပေးတော့...

ထပ်တူလှောင်ပြောင်လာကြသော
အဖွဲ့သားတွေရဲ့စကားသံတွေကလည်း
တစ်ယောက်တစ်မျိုးစီဖြင့်...

𝗦𝗔𝗞𝗨𝗥𝗔 𝗟𝗮𝗻𝗱Where stories live. Discover now