တခြားသူတွေကို အပိုတွေပါဟု
နှာခေါင်းရှုံ့ခဲ့ဖူးသမျှ နဖူးတွေ့ဒူးတွေ့ကျမှ
ထိုလူတွေအပိုလုပ်နေတာမဟုတ်မှန်းကို
လူဆိုးလေးတဖြည်းဖြည်းနားလည်လာခဲ့ရသည်။မနက်ပိုင်းတွေတိုင်းမှာ
တက်တက်ကြွကြွဖြစ်သလောက်
ည အိမ်ပြန်ခွဲခွာချိန်တွေကိုတော့
လူဆိုးလေးသိပ်မကြိုက်ခဲ့ပါ။တစ်ခဏလေးခွဲရတာဆိုပေမယ့်သူလွမ်းသည်။
အိမ်ပြန်ရောက်ရင်
ဖုန်းဆက်သေးတယ်ဆိုပေမယ့်လည်း
အသံလှိုင်းသက်သက်မို့လို့ သူမရောင့်ရဲနိုင်ခဲ့။ဖြစ်နိုင်ရင် ဒီဆိုင်လေးမှာပဲ
ပြောင်းပြီးလာနေချင်မိခဲ့တဲ့စိတ်တွေ
ဒီရက်ပိုင်းပေါက်နေခဲ့ပါသည်။သူငယ်ချင်းတွေကတောင်
မင်းကအရမ်းပိုလာပြီလို့
ပြောလာကြပေမယ့်လည်း
ဒါဟာသူပိုနေခြင်းမဟုတ်တာကို
သူကိုယ်တိုင်ပဲသိသည်။ယောကျာ်းမိန်းမတွေအပေါ် အပျင်းပြေ
အီရုံသာအီပြီး အတည်သဘောကျခြင်းမရှိခဲ့တဲ့
လူဆိုးလေးအတွက် လူတစ်ယောက်ကို
သေသေချာချာသဘောကျမိသွားတဲ့
အဖြစ်အပျက်လေးက
တကယ်ကိုကြည်နူးစရာကောင်းနေပြီး
ခံစားချက်အသစ်အဆန်းလေးတွေရနေခဲ့ကာ
သေချာတာကတော့
လက်ရှိခံစားချက်လေးတွေကို
သူသိပ်ကြိုက်နေမိတယ်ဆိုတာပဲ။နေ့တစ်နေ့ရဲ့ည9နာရီဆိုတဲ့အချိန်တစ်ခုသို့
ရောက်ရှိလာခဲ့ပြန်ပြီး သင်တန်းလေးက
ထပ်မံ၍ပြီးဆုံးခဲ့ပြန်သည်။သိမ်းစရာရှိနေတာတွေသိမ်းနေတဲ့သူကို
တွေတွေလေးငေးကြည့်နေမိကာ
အခုလိုခဏတာလေးပဲဖြစ်ဖြစ်တောင်
ခွဲခွာရခြင်းတွေမရှိတော့မယ့်နေ့ရက်တွေကို
မြန်မြန်ရောက်စေချင်နေပြီ။-"ကဲ ဒီနေ့လည်းပင်ပန်းသွားပါပြီ
ဧည့်သည်လေး..."နှစ်ယောက်အတူတူဖန်တီးထားတဲ့မုန့်လေးတွေကို
အိတ်လေးနဲ့သေချာထည့်ပေးပြီး
လက်ထဲထည့်ပေးလာသည်။စစနောက်နောက်စကားလေးနဲ့
အမြဲတမ်းပြုံးရယ်နေတဲ့သူက
သူ့အတွက်တကယ်ကို အေးချမ်းရာအစစ်အမှန်ပဲ။
ဒီနယ်မြေလေးထဲမှာပဲ သူတစ်သက်လုံး
နေထိုင်သွားချင်မိတယ်။
YOU ARE READING
𝗦𝗔𝗞𝗨𝗥𝗔 𝗟𝗮𝗻𝗱
Fanfictionဖျက်ဆီးပစ်မည်ဟု ရာဇသံပေးပြီးခါမှ လှိုက်ရူးချင်စရာ စတင်လှောင်ရယ်ခဲ့ရာ မြေ။