ချစ်သူတွေဖြစ်ကတည်းက
နှစ်ယောက်တည်းအတူတူအပြင်မှာ
မဒိတ်ဖူးသေးတာကြောင့်
ဒီနေ့ညနေခင်းတစ်ရက်လောက်တော့
ဆိုင်ကိုခပ်စောစောပိတ်ကာ
အတူတူလျှောက်လည်ကြဖို့ကို
သူတို့နှစ်ယောက်တိုင်ပင်ထားခဲ့ကြသည်။သွားစရာရှိလို့ဟုဆိုကာ ဆိုင်ရှင်လေးက
ဝန်ထမ်းလေးတွေကိုမနက်ကတည်းက
ကြိုပြောထားတာကြောင့်
ညနေ5နာရီကျော်ကျော်အချိန်တွင်
သူတို့ဆိုင်ပိတ်ဖို့ကိုပြင်ဆင်နေခဲ့ကြပြီ။ကိုယ်စီအလုပ်ရှုပ်နေတဲ့သူတွေကြားထဲ
လူဆိုးလေးသည် ဆိုင်ရှင်လေးအနား
မသိမသာလေးတိုးကပ်သွားခဲ့၏။ဆိုင်စောသိမ်းတာကြောင့်
တက်ကြွနေပုံရသော ဝန်ထမ်းတွေအလစ်မှာ
ပါးလေးကိုမြန်မြန်ဖိကပ်နမ်းလိုက်မိတော့
ပြူးပြလာတဲ့မျက်လုံးလေးတွေက
ဘာကိုဆိုလိုချင်မှန်းကိုသိပေမယ့်
မသိချင်ယောင်ဆောင်လိုက်ပြီး
မျက်ခုံးတစ်ဖက်ပင့်ပြလိုက်သည်။နှုတ်ခမ်းဖူးဖူးလေးတွေဆီကနေ
"Jung Kookကတော့..."ဟုဆိုသော
ခပ်တိုးတိုးရေရွတ်သံလေးဟာ
မျက်စောင်းမမည်တဲ့မျက်စောင်းလှလှလေးတွေနဲ့။
လူကိုရင်ခုန်အောင်ဘယ်လိုလုပ်ရမလဲကို
အချစ်ကသေချာသိနေသည်။ရင်ဘတ်လေးကိုပိုပိုသာသာလေးဖိကိုင်ပြီး
အောက်နှုတ်ခမ်းကိုဖိကိုက်ပြလိုက်တော့
ရှက်ပြုံးလှလှလေးတွေနဲ့ မျက်နှာလေးကို
သူ့အကျင့်လေးအတ်ိုင်း ငုံ့ချသွားခဲ့ကာ
ဒါဟာ သူရှက်တာပါပေါ့...
အသည်းတွေဟာ ယားလို့မဆုံးနိုင်ခဲ့။-"လမ်းထိပ်မှာစောင့်နေမယ်
နွေးနွေးထွေးထွေးဝတ်ပြီးမှထွက်လာခဲ့..."မှာစရာရှိတာကို တိုးတိုးတိတ်တိတ်ကပ်မှာပြီး
လွယ်အိတ်ကို ကောက်လွယ်ကာ သူလည်း
အိမ်ပြန်တော့မည့်ပုံကိုဖမ်းလိုက်သည်။
တစ်ဆိုင်လုံးကိုခပ်တည်တည်ပဲ
နှုတ်ဆက်ပြီးတဲ့နောက်မှာ
ဆိုင်ထဲမှထွက်သွားခဲ့၏။
ဆိုင်ရှင်လေးသည် ခေါင်းလေးတခါခါဖြင့်သာ
ပြုံးလျက်ကျန်နေခဲ့သည်။-"Hyung ကျွန်တော်တို့လည်းပြန်တော့မယ်နော်
ချိန်းထားတဲ့နေရာကိုဂရုစိုက်သွားပါဗျ"
YOU ARE READING
𝗦𝗔𝗞𝗨𝗥𝗔 𝗟𝗮𝗻𝗱
Fanfictionဖျက်ဆီးပစ်မည်ဟု ရာဇသံပေးပြီးခါမှ လှိုက်ရူးချင်စရာ စတင်လှောင်ရယ်ခဲ့ရာ မြေ။