P_2

395 82 25
                                    

-"အေးပါကွာ တကယ်Sorry..."

-"မနက်ဖြန်မှတွေ့ကြမယ်"

-"အေး..."

ဂျပန်မှာအချိန်အနည်းငယ်
အခြေချဖြစ်မယ့်အကြောင်းတွေကို
အသိပေးဖို့အတွက်
တစ်လမှာ တစ်ခါတောင်မပြန်ဖြစ်သော
အိမ်ကြီးဆီသို့ပြန်အခြေချခဲ့တဲ့သူသည်
လက်သွယ်သွယ်တွေကြားထဲက
စီးကရက်တစ်လိပ်နဲ့သူ့ရဲ့မူမပြတ်။
Clubသွားဖို့ပြင်ဆင်လာပြီးမှ
လမ်းကြောင်းပြောင်းလာတာမို့လို့
မလဲရသေးတဲ့အဝတ်အစားတွေက
မိမိမိုက်မိုက်လွင့်ပျံလျက်ရှိသည်။

တွေ့ဖို့ချိန်ထားတဲ့သူငယ်ချင်းတွေကို
အကျိုးအကြောင်းပြောပြ၍တောင်းပန်ကာ
ဖုန်းကိုချပြီးdashboardပေါ်ပစ်တင်လိုက်သည်။

သိပ်မကောင်းနေတဲ့ခံစား‌ချက်တွေကို
သက်ပြင်းတစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်ပြီး
မြန်မြန်ပြော မြန်မြန်ပြန် အေးရောတွေးကာ
ကားအပေါ်ကဆင်းလိုက်ပြီးတော့
အိမ်အပေါက်ဝရောက်ရုံလေးရှိသေး...
အိမ်ထဲကနေ ကျကွဲသံတစ်ခုက
ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့သည်။

ဟက်ခနဲတစ်ချက်ထရယ်မိလိုက်၏။

ချမ်းသာခဲ့တဲ့ဘဝတွေပါပဲ။
ဒါပေမဲ့စိတ်တွေချမ်းသာခဲ့တာမဟုတ်တဲ့
စည်းစိမ်သက်သက်ချမ်းသာမှုတွေ။

မရိုးရှင်းတဲ့မိဘတွေရဲ့ရန်ပွဲတွေက
တစ်နေ့တစ်မျိုး မရိုးရအောင်စုံစုံလင်လင်နဲ့
တစ်ခါတစ်လေအိမ်ပြန်ရောက်ချိန်တွေတိုင်းက
လူကိုထုံထိုင်းစေခဲ့တယ်။

အိမ်ထဲခြေချလိုက်တာနဲ့ တစ်စစီကွဲကျေနေတဲ့
ဖန်စတွေကြားထဲ အဖေရယ် အမေရယ်...
တစ်ယောက်တစ်နေရာစီရပ်နေခဲ့ကြပြီး
ကြည့်ရတာဟိုဘက်နဲ့ဒီဘက်
အော်ဟစ်ပစ်ပေါက်နေခဲ့ကြပုံပေါ်ပါသည်။

သူ့ကိုတွေ့တာနဲ့ရပ်တန့်သွားခဲ့တဲ့ရန်ပွဲကြောင့်
ဖန်အကွဲစတွေကြားထဲကနေ
ဖိနပ်နဲ့နင်းလျှောက်လာလိုက်ပြီး
ဆိုဖာခုံပေါ်တွင်အေးအေးလူလူ
ဝင်ထိုင်လိုက်သည်။

အဖေက ချက်ချင်းနေရာကနေထွက်သွားခဲ့ကာ
အပြုံးလှလှလေးတွေပြောင်းလဲပြီး
အနားဝင်ထိုင်လာတဲ့အမေ့မျက်နှာက
သိပ်ဟန်ဆောင်ကောင်းနေပေမဲ့လည်း
မျက်နှာပေါ်ကပူလောင်မှုတွေကို
မဖတ်တတ်တဲ့အထိတော့
ကျွန်တော်တုံးမှမတုံးခဲ့ဘဲ။

𝗦𝗔𝗞𝗨𝗥𝗔 𝗟𝗮𝗻𝗱Where stories live. Discover now