P_6

430 70 22
                                    

ဖျက်ဆီးပစ်မည်ဟု ရာဇသံပေးပြီးခါမှ
လှိုက်ရှူးချင်စရာ စတင်လှောင်ရယ်ခဲ့ရာမြေ။

----------------

အပိုင်လိုချင်မိခဲ့သည့် ရင်ခွင်လေးထဲ
အခွင့်အရေးရတုန်းTaeအကြာကြီးတိုးဝင်မိခဲ့တာ
အချိန်တွေဘယ်လောက်ကြာသွားသလဲမသိလိုက်။
လွမ်းရတော့မှာမို့လို့ အတိုးချဖက်ပစ်လိုက်ပြီး
စိတ်ကျေနပ်တဲ့အခါမှ ရင်ခွင်လေးထဲကနေ
ပြန်ထွက်လာမိခဲ့သည်။

-"မိုးချုပ်နေပြီ အကိုအိမ်ထဲဝင်တော့လေ
ကျွန်တော်လည်းပြန်တော့မယ်"

-"ဂရုစိုက်သွားပါ Tae Hyung
အန္တာရာယ်ကင်းတဲ့ခရီးလေးဖြစ်ပါစေ"

ခရီးတောင်မသွားရသေးဘူး
ကြိုလွမ်းနေရကာနှုတ်ဆက်စကားတွေ
အထပ်ထပ်ဆိုပြီးတဲ့နောက်မှ
Tae Hyngပြန်သွားခဲ့သည်။

မြင်နေရတဲ့အကွာအဝေးအထိ
လှည့်ကြည့်လှည့်ကြည့်ဖြင့်
တာ့တာကိုတောက်လျှောက်
လုပ်ပြသွားတာမို့လို့လည်း ဆိုင်ရှင်လေးက
ခပ်ဟဟရယ်ကာအရှေ့ကိုကြည့်လျှောက်ဖို့လို့ကို
လက်နဲ့အမူအရာလှမ်းလုပ်ပြရသေး၏။

မမြင်ရတော့တဲ့အကွာအဝေးတစ်ခုကိုရောက်မှ
ဆိုင်ထဲဝင်ဖို့ပြန်အလှည့် ဆုံသွားတဲ့
မျက်လုံးဝိုင်းဝ်ိုင်းတွေကြောင့် ဆိုင်ရှင်လေး
ရုတ်တရက်မို့လို့လန့်သွားရသည်။

ဖရိုဖရဲဖြစ်နေတဲ့ဆံပင်တွေကြားထဲက
မျက်နှာတစ်ခုလုံးကမှိုင်းပြနေခဲ့ပြီး
အကြည့်တွေသည် ထပ်တူမှိုင်းပြနေလျက်။

ကြယ်သီးတွေတစ်စွန်းတစ်စ
ပြုတ်နေတာကြောင့် ဖရိုဖရဲဖြစ်နေတဲ့
အင်္ကျီတွေနဲ့ Jung Kookရဲ့ပုံစံဟာ
ခုမှအိပ်ရာထဲကနိုးထလာတဲ့
မကြည်မလင်လူတစ်ယောက်လိုပဲ။
ရှုပ်ပွထနေသည်။

ကြောင်အကြည့်နေတုန်းမှာပဲ
ခပ်ဖြည်းဖြည်းရွေ့လာတဲ့ခြေလှမ်းတွေ...
မီးတိုင်တွေအောက်မှာ
တစ်လှမ်းချင်း တိုးကပ်လာပြီးနောက်
နီးနီးကပ်ကပ်အနေအထားတစ်ခုမှာ
အရိပ်လေးနှစ်ခုစုံသွားခဲ့သည်။

-"စောင့်နေတာ"

Jung Kookနှုတ်ခမ်းပါးတွေဆီကနေ
စီးကရက်နံ့နဲ့အရက်နံ့တစ်ချို့ကို
သဲ့သဲ့လေးရလိုက်သည်။

𝗦𝗔𝗞𝗨𝗥𝗔 𝗟𝗮𝗻𝗱Where stories live. Discover now