Unicode
Londonမြို့၏ ညဘက်အချိန်သည် မီးရောင်မှိန်ပြပြတို့ဖြင့် လွန်စွာသဘောကျစရာ ကောင်းနေလေသည်။
ဝရံတာမှ ညဘက်အချိန်ကိုကြည့်နေရင်း အတွေးတို့က လေလိုပျံ့နှံ့နေလျှက်။
ထယ်ယောင်းလန်ဒန်ကိုလာချင်တာ ငယ်ငယ်ထဲကပင်။ အဖြစ်ချင်ဆုံးက ဆရာဝန်၊ အသွားချင်ဆုံးနေရာက လန်ဒန်ဖြစ်သည်မို့ တစ်ချက်ခုပ်နှစ်ချက်ပြတ်ဆိုပြီး လန်ဒန်မှာဆရာဝန်လုပ်လိုက်ခြင်းပင်။ သူ့မှာလည်း လန်ဒန်ကိုလာပြီး ဆရာဝန်တစ်ယောက်ဖြစ်အောင် လုပ်မည်ဟု ရည်ရွက်ချက်ကလဲ ရှိနေလေသည်။ အဖေ့မွေးရပ်မြေမှာ ဆရာဝန်တစ်ယောက်လုပ်ရင်း ရခဲလှသည့်လူ့ဘဝရဲ့ အငွေ့အသက်လေးတွေကို ခံစားနေမိသည်။
လန်ဒန်မြို့ရဲ့ညဘက်မှာ ဝရံတာထွက်ပြီး လန်ဒန်လေလေးတွေကို ရှုရှိုက်ရင်း ခပ်အေးအေးကော်ဖီတစ်ခွက်သောက်ချင်သည်ဟု ငယ်ငယ်ကပေါက်ကရအတွေးဝင်ခဲ့ဖူးသည်။ အခုတော့ အဲ့ပေါက်ကရအတွေးက တကယ်ဖြစ်လာခဲ့လေပြီ။
ထယ်ယောင်းက ကိုရီးယားနဲ့ လန်ဒန် ကပြားတစ်ယောက်ဖြစ်သည်။ အဖေကလန်ဒန်သား အမေက ကိုရီးယားသူ။ ဘယ်လိုတွေပြီး ချစ်ကြိုက်မိသွားကြလဲတော့ သူလဲမသိ။ သေချာတာတော့ ဖူးစာပါရင် ဘယ်လောက်ဝေးဝေး နီးစပ်ရတာတွေကြီးပါပဲ။
အဲ့လိုတွေးမိသွားတော့ စိတ်ကူးထဲတန်းရောက်လာသူက သောမတ်စ်ဂျွန်ဆိုတဲ့ အနှောင့်အယှက်ကောင်။
သူကတော့ လန်ဒန်သားစစ်စစ်ဖြစ်သည်။ သူနှင့်ဘယ်လိုတွေ့ခဲ့လဲဆိုတော့ ဒီတိုင်းမတော်တစဖြစ်ရင်း တွေ့ခဲ့မိတာ။ သို့ပေမဲ့ အဲ့နေ့ကစပြီး ထယ်ယောင်းနောက်ကိုလိုက်လိုက်နေတာ။ အစကတော့ ရိုးရိုးသာမန်ထင်ခဲ့ပေမဲ့ ကြာလာတော့ သူနောက်ကလိုက်ရုံမဟုတ်ပဲ ထယ်ယောင်းနဲ့တန်းတူလျှောက်တာတို့ ထယ်ယောင်းကိုဆေးရုံလိုက်ပို့တာတို့တွေပါ ဖြစ်လာသည်။ အဲ့ထဲက ထယ်ယောင်းနဲ့ အကြောမတည့်တော့တာ။ ဘယ်လိုမောင်းထုတ်မောင်းထုတ် ထွက်သွားသည်မရှိပဲ တောက်တက်လိုလိုက်ကပ်နေတာ။ ကြာတော့ ထယ်ယောင်းအသိတွေကပါ သူနှင့်ဘာလဲလို့ မေးလာကြရသည်အထိဖြစ်သည်။
YOU ARE READING
𝐼 𝐴𝑚 𝑉𝑖𝑐𝑡𝑜𝑟𝑦 𝐾𝑖𝑚'𝑠 𝐻𝑢𝑠𝑏𝑎𝑛𝑑
Fanfiction" သောမတ်စ်ဂျွန်! မင်းဘာဖြစ်ချင်နေတာလဲ! " " ခင်ဗျားရဲ့ ယောင်္ကျားဖြစ်ချင်နေတာ "