Unicode
' ဒေါက် ဒေါက် '
" ဝင်ခဲ့ပါ "
ဆေးရုံအုပ်၏ စကားသံအဆုံး ထယ်ယောင်းအခန်းထဲ ဝင်လာခဲ့သည်။ အုပ်ကြီးက သူ၏လုပ်လက်စများကို ဘေးဖယ်ထားကာ ထယ်ယောင်းကိုကြည့်လာသည်။ ထယ်ယောင်းအုပ်ကြီးရှေ့က ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
" ဘာကိစ္စရှိလို့လဲ ဒေါက်တာကင်မ် "
" ဟို...ကျွန်တော် ခွင့်ရက်ရှည်လေး ယူချင်လို့ဗျ "
အုပ်ကြီးက ဘာလို့လဲဆိုသည့်အကြည်ဖြင့် ကြည့်လာသည်။
" ကျွန်တော်အမ ကလေးမွေးလိုဗျ..ပြီးတော့ ကိုရီးယားကိုမပြန်တာလဲ ကြာပြီလေ အဲ့တာကြောင့်ကလေးကိုလဲတွေ့ရင်း အဖေနဲ့အမေတို့ဆီအလည်လေးလဲ ပြန်ရင်း အဲ့တာကြောင့်ပါ "
အုပ်ကြီးက ထယ်ယောင်းစကားကို သေချာနားထောင်ပေးပြီး ခေါင်းငြိမ့်သည်။
" အင်း..အဲ့လိုဆိုရင် ရပါတယ်..ဒေါက်တာကင်မ်လည်း မိဘတွေနဲ့ တွေ့ချင်မှာပေါ့..ဘယ်နှရက်လောက်ယူမှာလဲ "
" နှစ်ပတ်လောက်ပါပဲ အုပ်ကြီး "
" အင်းပါ..ထယ်ယောင်းဂျူတီတွေကို ဒီအဆောင်က လူတွေ တစ်ရောက်တစ်လှည့်ယူကြမှာမို့ အေးအေးဆေးဆေးသွား အေးအေးဆေးဆေးပြန်ခဲ့ပေါ့ "
" ဟုတ်ကဲ့ ကျေးဇူးပါအုပ်ကြီး "
" ရပါတယ်..စိတ်ဖြောင့်ဖြောင့်သာသွားပါ ဘာမှနောက်ဆံတင်းမနေနဲ့ "
သူသိတာပေါ့။ ဗစ်တိုရီကင်မ်က ဘယ်လောက်အလုပ်ကိုချစ်ပြီး တန်ဖိုးထားတယ်ဆိုတာ။ ဒီကိုရောက်လာတဲ့ 2နှစ်ကျော်3နှစ်အတွင်း အလုပ်ပျက်သည်မရှိ။ အရင်နှစ်လောက်က ရေချိုးမှားပြီး တအားအဖျားကြီးသွားတဲ့ရက်ကလွဲ အမြဲဆေးရုံမှ အလုပ်လုပ်သည်။ သူ့တာဝန်သူကျေပွန်အောင် ထမ်းဆောင်သည်။ အခုသူကိုရီးယားကိုပြန်မှာဆိုတော့ အလုပ်အတွက် စိတ်မချဖြစ်မည်ကို သိသည်။ ထို့ကြောင့် နောက်ဆံမတင်းအောင်မှာလိုက်သည်။
" ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်အုပ်ကြီး..ကျွန်တော်ပြန်ရောက်မှ ဒီကလူတွေအတွက် ဂျူတီအစားပြန်ဝင်ပေးလိုက်ပါ့မယ် "
VOUS LISEZ
𝐼 𝐴𝑚 𝑉𝑖𝑐𝑡𝑜𝑟𝑦 𝐾𝑖𝑚'𝑠 𝐻𝑢𝑠𝑏𝑎𝑛𝑑
Fanfiction" သောမတ်စ်ဂျွန်! မင်းဘာဖြစ်ချင်နေတာလဲ! " " ခင်ဗျားရဲ့ ယောင်္ကျားဖြစ်ချင်နေတာ "