Episode 5

583 43 5
                                    

Unicode

သောမတ်စ် ဒီနေ့မှ အိပ်မပျော်ဘဲ နှုတ်ခမ်းကိုကိုင်ရင်း အတွေးများနေရသည်။
မနက်က နမ်းခဲ့မိသည့်နှုတ်ခမ်းလေးက ချိုမြိန်လွန်းလှသည်ကို မငြင်းနိုင်ပါ။

တကယ်တော့ မနက်ကစိတ်တိုသွားတာလဲပါမည်။ မဖေနဲ့အမေတောင် မရိုက်ရက်၊ မထိရက်တဲ့ ပါးကို သူကရိုက်သွားသည်မို့ စိတ်ကထိပ်ဆုံးထိရောက်ကာ မထိန်းနိုင်တော့ဘဲ လုပ်မိလုပ်ရာ လုပ်လိုက်ခြင်းသာ။

ကိုယ်ကိုင်တိုင်သည်လဲ အခုလိုဖြစ်ဖို့ မရည်ရွယ်ခဲ့ပါ။ မိဘတွေကတောင် မရိုက်ရဲဘဲ ပိုးမွေးသလိုမွေးထားခံရတဲ့သူ့လိုလူကို ဟိုဆရာဝန်က ဖြန်းခနဲလာချတော့ တင်းပြီးလုပ်မိလုပ်ရာ လုပ်လိုက်ခြင်းသာ။ တခြားဘာခံစားချက်မှမရှိပါဘူး ဒီလူစိတ်အနှောင့်အယှက်ဖြစ်သွားဖို့ပဲ ရည်ရွယ်ခဲ့တာ။
.
.
.
ထယ်ယောင်း အိမ်ပြန်ရောက်သည်နှင့် တူမလေးကိုအရင်ကြည့်သည်။ တူမလေးက တကယ့်ဝဝကစ်ကစ်လေး အသားလေးကလဲ ဖြူဝင်းနေပြီး မျက်လုံးလေးကနက်မှောင်နေကာ အတော်လေးလှသည်။ မျက်တောင်လေးတွေကလဲ ရှည်ရှည်ကော့ကော့လေးတွေဖြစ်ပြီး နှာတံဆိုတာလဲစင်းနေသည်။ နှုတ်ခမ်းလေးက မထူမပါးလေးဖြစ်ပြီး ပန်းရောင်သမ်းနေတာ။ ခြေတံလက်တံလေးတွေက ထယ်ယောင်းလိုပဲ ရှည်ရှည်သွယ်သွယ်လေး။ တကယ့်ကိုချစ်မွှေးလေး။

" ထယ်ယောင်းရေ ညစာစားရအောင်ဆင်းခဲ့တော့ "

" လာပြီအမေ "

အခန်းပြင်ကအမေ့ခေါ်သံကြောင့် အဝတ်အစားအမြန်ဝတ်ရန်ပြင်လိုက်သည်။ ရေချိုးပြီးပြီးချင်း အဝတ်အစားမဝတ်ရသေးဘဲ တူမလေးအကြောင်းစဥ်းစားနေမိတာ။

အဝတ်အစားဝတ်ပြီး အောက်ထပ်ဆင်းလာတော့ လူတောင်စုံနေလေပြီ။ ထယ်ယောင်းက အမေ့ဘေး မမနှင့်မျက်နှာချင်းဆိုင်ဝင်ထိုင်သည်။ မမဘေးမှာတော့ သူ့ယောင်္ကျားထိုင်နေလေသည်။

" ​ယောက်ဖ မင်းနဲ့အကိုနဲ့က အခုမှတွေ့ဖြစ်ကြတာဆိုတော့ ဒီညကစ်မလား "

ဂျယ်ယောင်းစကားကြောင့် ထယ်ယောင်းခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်သည်။ ဟိုမှာ ဂျူတီတွေအမြဲရှိနေတော့ သောက်ဖို့အတွက် အချိန်မရှိ။ အခုကိုရီးယားကိုပြန်လာမှ အဝကစ်ရတော့မည်။

𝐼 𝐴𝑚 𝑉𝑖𝑐𝑡𝑜𝑟𝑦 𝐾𝑖𝑚'𝑠 𝐻𝑢𝑠𝑏𝑎𝑛𝑑Where stories live. Discover now