Chapter 40

2.5K 284 4
                                    

Unicode

ကုမျန်ခေါင်းကိုက်သွားတယ်။သူမက ပရိသတ်ရဲ့မေးခွန်းကို ရိုးရိုးသားသား ဖြေခဲ့ရုံပါပဲ။ အကယ်၍ ဖျော်ဖြေရေးနယ်ပယ်ထဲရှိ အမျိုးသားကြယ်ပွင့်တွေထဲမှ တစ်ဦးကို သူမရွေးချယ်ရရင်၊ သူမက လော့ချယ်ကို ရွေးချယ်လိုက်ဖို့သာ တတ်နိုင်တယ်။

တခြားသူတွေက သူ့လောက် ကြည့်မကောင်းသလို သူတို့က သူမကို မသိကြဘူးလေ။

ဒါပေမယ့် သူမ သူ့ကို မနမ်းချင်ဘူး။ မဟုတ်သေးဘူး၊ သူ့ကိုနမ်းဖို့ သူမဘယ်တုန်းကမှ မတွေးခဲ့ဘူးဆိုတာကမှ ဖြစ်သင့်တာ။

‌ကုမျန်က လော့ချယ်ကို ရှင်းပြချင်တယ်။ဘာပဲဖြစ်ဖြစ် နှစ်ယောက်သားက ရင်းနှီးပြီး ဒါက စကားပြောရလွယ်ကူစေတယ်လေ။ သူ့မျက်လုံးထဲက အကြည့်တွေက သူမကို "ဒါဆို မင်းဒီလိုတွေးနေတာပေါ့"ဆိုတဲ့ ခံစားချက်ကို ပေးနေတယ်။

ဒါက အချိန်အတော်ကြာအောင် သူမက သူ့အပေါ် လျို့ဝှက်ကြံစည်နေပုံပေါ်သွားစေလေတယ်။

တကယ်တော့ သူမရဲ့စိတ်က အရမ်းကိုဖြူစင်ပြီး သူ့နဲ့ပတ်သက်ပြီးတော့ ဘာမကောင်းတဲ့အတွေးတစ်ခုမှ မရှိပါဘူးနော်။

ကုမျန်က လော့ချယ်ရဲ့ဘေးကို ရွေ့သွားဖို့လုပ်လိုက်ပေမယ့်လည်း မနီးမဝေးနေရာမှ ခန်ယန်ယန်ရဲ့ အတင်းအဖျင်းပြောချင်နေတဲ့ မျက်လုံးတွေကို သတိထားမိသွားတယ်။

အခြားအဖွဲ့သားတွေကလည်း သူမတို့ကို တိတ်တဆိတ်ကြည့်နေကြတယ်။

ကုမျန်က နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး ရှင်းပြဖို့သင့်တော်လောက်မယ့် အခွင့်အရေးကို စောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။သူမက ပရိသတ်ရဲ့ ကောလဟလဖြစ်စေမယ့်မေးခွန်းကို ဖြေခဲ့ရုံလေးပါ။ သူမသာ လော့ချယ်နဲ့ အရမ်းကြီး နီးနီးကပ်ကပ်နေလိုက်မယ်ဆိုရင် သူတို့ရဲ့ နားလည်မှုလွဲမှားတာက ပိုနက်ရှိုင်းသွားလိမ့်မယ်။

အဲ့ဒါ မကောင်းဘူး။

တင်ဆက်သူက ပြုံးလိုက်ပြီး ကြယ်ပွင့်တွေနဲ့ အပြန်အလှန်ဆက်ဆံဖို့ ကံကောင်းတဲ့ပရိသတ် နှစ်ယောက်ကို ထပ်မံပြီး ကျပန်းရွေးချယ်ခဲ့တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now