အထက်တန်းနောက်ဆုံးနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေအပြီးတွင် ကျောင်းသားအားလုံးသည် လွတ်လပ်မှု၏အရသာကိုတစ်ဖန်ပြန်ခံစားခွင့်ရခြင်ကြသည်။ထိုအထဲတွင် ကင်မ်ဆော့ဂျင်လဲအပါအဝင်ဖြစ်သည်။
တစ်ချို့မှာအိမ်ကမိဘများက စိတ်မချသဖြင့်မလွှတ်ကြသလို့ တစ်ချို့မှာတော့ သူငယ်ချင်းတေဖြင့်ခရီးသွားရန် စိတ်အားထက်သန်နေသည်။ကင်မ်ဆော့ဂျင်က သူ့ခရက်လေးဂျွန်ဂျောင်ကုသွားမည့်နေရာကို လိုက်မည်ဟု ဆုံဖြတ်ထားသော်လည်း ထိုအကောင်ကအစီအစဥ်ရှိပုံမပေါ်သဖြင့် သူဘုံပျောက်ပြီဟုတွေးကာ သက်ပြင်းချလိုက်သည်။
သို့သော်မကြာလိုက် အတန်းပိုင်ဆရာမမှ နှုတ်ဆက်ပွဲနေ့တွင် သူမနေရာစီစဥ်ထားကြောင်း၊မိဘများကိုလည်း အကြောင်းကြားထားပြီးဖြစ်ကြောင်း၊မိဘများအားလုံးကလဲ ဆရာမ ပါသဖြင့်ခွင့်ပြုကြောင်းပြောပြလာသဖြင့် သူ၏ခရက်လေးနှင့်အတူခရီးထွက်ရန် အခွင့်သာခဲ့သည်။
သို့သော်ထိုအပျော်ခရီးစဥ်လေးမှာ ပျော်ရွှင်စရာမကောင်းသည့်အပြင် လူအများ၏ အသက်များကိုပါ နှုတ်ယူသွားနိုင်ကြောင်း မည်သူမှကြိုတင်မသိခဲ့ပေ။
.........
ကဲကဲ!အားလုံးပဲ မတွေ့ရတာအတော်ကြာသွားပြီ။အခုတစ်ခေါက်ရေးမှာလေးက horrorပုံစံလေးဖြစ်ပြီး အနည်းငယ်ချောက်ခြားစရာလေးတေပါရုံပါပဲ။
ပုံမှန်အားဖြင့် ကိုယ်တို့ကူးဂျင်ကို Horrorပုံစံနဲ့တွေ့ရတာအရမ်းရှားတာမို့ ကိုယ်တိုင်ဖန်တီးခြင်လာခဲ့တာပါ။အရေးအသားအားဖြင့် ညံ့ဖျင်းမှုရှိခဲ့ရင်လဲ ကြိုတောင်းပန်ပါတယ်။
ညနေလောက်ကျရင်အပိုင်းသစ်တင်ပေးမှာမို့
စောင့်ပေးကြပါဦး။26.11.23

YOU ARE READING
Find Way to out
Fiksi Penggemarအခန်း7ခန်း လူရာကျော်နဲ့ အခန်းတစ်ခန်းကိုသတ်မှတ်ချိန်7ရက်ပေးတယ်။သဘာဝလွန်အရာတေကိုကြုံတွေ့ရပြီး ဘယ်သူကအသက်ရှင်ကျန်ရစ်မလဲ ခန့်မှန်းလို့မရ။ သူတို့စိတ်ထဲမှာ ဒီနေရာကို တိတ်တဆိတ်နာမည်ပေးထားတယ်။သူတို့လွတ်မြောက်ဖို့ကြိုးစားနေရတဲ့နေရာက မရဏတံခါးပေါက်ပဲ!