Uni
.
." ပြန်လာပြီလား သား..''
မင်းခန့်ညား အိမ်ထဲဝင်လာတော့ မေမေက ဧည့်ခန်းမှာထိုင်ကာ စာရင်းတွက်နေသည်။
" ဟုတ် မေမေ...''
" ကိုးချစ် ကရော...''
" ဟိုဘက်အိမ်မှာနေခဲ့ပြီ ကလေးက A ငါးခုပဲ ရတာ ဟီး ဟီး...''
ဘားမဆိုင်ဘဲ အူမြူးနေတဲ့သားကြောင့် အကြည်လှည့်ကြည့်လိုက်သည်။
" ဘာတုန်း...ဟီး..ဟီး..ဆိုတာကြီးက..''
" အမ်..ဘာမှမဟုတ်ပါဘူး..ဟဲ..ဟဲ..''
" ဟောတော်...မင်းခန့်ညား...ဘာတွေဖြစ်နေတာတုန်း တဟီးဟီး တဟားဟားနဲ့..''
" အာ...ဘာမှ မဟုတ်တော့ဘူး သား ခဏနားဦးမယ် ပြီးရင် ဆေးခန်းပြန်သွားရမှာ...''
" အေအေ...ဘာတွေဖြစ်နေမှန်းကို မသိဘူး...''
.
.မင်းခန့်ညား အခန်းထဲရောက်မှ မွေ့ယာပေါ် ကန့်လန့်ဖြတ်လှဲချလိုက်သည်။ လူက ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေတုန်း....
...ကိုကိုခန့်..ချစ်တယ်နော်....
ကားပေါ်က ဆင်းကာနီး ကလေးပြောသွားတာလေးကို ပြန်ကြားယောင်မိသည်။
" ဟာကွာ.... ရှက်လိုက်တာ... ''
ခေါင်းအုံးကို ဆွဲယူကာ ရင်ဘတ်မှာပိုက်ပြီး တအုံးအုံးထုချလိုက်သည်။
" ဖုန်းဆက်လိုက်ဦးမယ်...''
.
.ကိုးချစ် ကားပေါ်ကဆင်းကာ အိမ်ထဲပြေးဝင်လာခဲ့လိုက်သည်။
" ဟော...ကိုးချစ်လေး ပြန်ခဲ့ပြီလား... ''
" ဟုတ် ဒေါ်ရီ..''
" အခြေအနေ...''
ကိုးချစ် ဒေါ်ရီ့ကို လက်မထောင်ပြကာ အခန်းထဲ ဝင်လာခဲ့လိုက်သည်။
" ဒါဆို ကိုကိုခန့်နဲ့ ငါက ရည်းစားတွေပေါ့....ဟီဟိ...တစ်မျိုးကြီးပဲ...''
ကိုကိုခန့်ပုံစံကို ပြန်မြင်ယောင်ကြည့်သည်။
အရပ်က ခြောက်ပေနီးပါးရှိပြီး မှုန်နေအောင်မချောပေမယ့် အသားဖြူဖြူ ရင်အုပ်ကားကားနှင့် နာမည်နဲ့လိုက်အောင် ခန့်ခန့်ညားညားရှိလှသည်။
YOU ARE READING
နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )
Любовные романыရွယ်တူ သူငယ်ချင်းနှစ်ယောက်က မွေးပေမယ့် အသက် ၁၂ နှစ်ကွာတဲ့ ကိုကိုနဲ့အူကြူးလေးတို့အကြောင်း