Uni
.
.
.
." ကိုကို မြန်မာပြည်ပြန်နှင့်ပါလား ''
ရင်ခွင်ထဲထိုင်ကာ မုန့်စားနေရင်း ကလေးပြောလာတဲ့ စကားကို မင်းခန့်ညား အလိုမကျဖြစ်ရသည်။
" ဘာဆိုင်လို့တုန်း ''
" ကိုကိုကလည်း။ ကိုကိုရောက်တာ ပြီးခဲ့တဲ့ နိုဝင်ဘာကတည်းကလေ အခု မတ်လရောက်လို့ ကိုးချစ်တောင် Spring Term ဖြေရတော့မှာ။ ၅လ ကျော်နေပြီ။ အဲလောက်ကြီးပစ်ထားလို့ကျ ဘယ်ကောင်းမလဲ။ ''
" ကိုကို့ကို နှင်တာလား ''
ကလေးလို ဆူပုတ်နေတဲ့ ကိုကို့ကို ကိုးချစ်ရယ်မိသည်။ ၁၂ နှစ်ကြီးတာ ကိုကိုမဟုတ်ဘဲ ကိုးချစ်ထင်ပါရဲ့။
" ဆေးခန်းက အဓိကလေ။ ပစ်ထားလို့ဘယ်ဖြစ်မလဲ ကိုကိုရဲ့။ ပြီးတော့ ကိုးချစ်လည်း နောက်တစ်ဖြတ်ပြီးရင် ပြန်လာတော့မယ့်ဟာ။ ၅လကျော်ကြီးတောင် လိုက်လာခဲ့ပြီးပြီဟာ ကျေနပ်တော့ ''
" ၅လ ကျော်တာဘာလုပ်ရမှာလဲ...''
မင်းခန့်ညား ခပ်ရွဲ့ရွဲ့ပြောလိုက်သည်။ ပြန်အဆင်ပြေတယ်သာပြောတာ။ သူ့ကလေးက တွန့်တိုလိုက်သမှ နှုတ်ခမ်းလေးနမ်းဖို့ပင် ညာတာပါတေးလုပ်ယူနေရသည်။ လင်မယားကိစ္စဝေးလို့ တစ်ခန်းထဲပင် အတူမနေရ။ ဝါတွင်းသုံးလ ဥပုသ်သည်ကမှ ကုသိုလ်ရဦးမည်။ သူစောင့်နေရတဲ့ ဥပုသ်ကတော့ ကလေးကို အခါခါပြစ်မှားရင်း စောင့်နေရတဲ့ ထော့ကျိုးဥပုသ်ပင်။
" ဟင် ဘာကိုလဲ ''
" ဘာမှမဟုတ်ဘူး။ လုံးဝမပြန်ဘူးနော်။ မိန်းမကို လိုက်ခေါ်တာ မိန်းမမပါဘဲ ပြန်စရာလား ''
" ဟော့တော် ''
ကပ်သပ်လွန်းတဲ့ လူအိုကြီးကို ကိုးချစ်ပြောမနိုင်တော့။ တောက်တဲ့ကပ်သလိုကို ကပ်နေတော့၏။
.
.ကလေးက နှစ်လယ်စာမေးပွဲဖြေနေပြီမို့ လိုသမျှအကုန် မင်းခန့်ညား လုပ်ရလေသည်။
" ကိုကိုရေ ကိုးချစ်သွားပြီနော် လိုက်မပို့နဲ့တော့ နောက်ကျနေပြီ ''
" ကလေးလေး... မနက်စာလေ ''
" ပေါင်မုန့်စားထားတယ် အပြန်မှစားမယ် ကိုကိုရေ ''
YOU ARE READING
နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )
Romanceရွယ်တူ သူငယ်ချင်းနှစ်ယောက်က မွေးပေမယ့် အသက် ၁၂ နှစ်ကွာတဲ့ ကိုကိုနဲ့အူကြူးလေးတို့အကြောင်း