Uni
.
." သမီး pad တွေထည့်ပြီးပြီလား... ''
" ထည့်ပြီးပြီ မေမေ...''
" ကိုးချစ်လေးရေ....''
" ရှင် မေမေကြည်... ''
" ရော့.... ''
" ဟယ် မုန့်တွေပါလား...ကျေးကျူးပါရှင်... ''
ကျောင်းပိတ်တုန်း ကိုးချစ်တို့ သူငယ်ချင်းတစ်သိုက် ခရီးထွက်ဖို့ပြင်နေကြတာဖြစ်သည်။
မေမေကြည်ဆီကပြန်ကြားတာ.. ကိုကိုက ချင်းပြည်နယ် ဖလမ်းမြို့မှာ ရောက်နေတယ် တဲ့လေ
ခရီးသွားဖို့ ရွေးကြတော့ မိုးရာသီမို့ တောင်ပေါ်လမ်းတွေက မကောင်းဟုဆိုကာ ဘယ်သူမှ ချင်းတောင်မတက်ချင်ကြပေမယ့် ကိုးချစ်က မျက်ရည်နဲ့မျက်ခွက်တောင်းဆိုတာမို့ သွားဖို့ ဆုံးဖြတ်လိုက်ကြတာဖြစ်သည်။
.
.သားနဲ့တွေ့ရမယ်လို့ ထင်နေလို့များလားမသိ ကိုးချစ်မျက်နှာလေးက ဝင်းပကာနေသည်။
အကြည် ...ကိုးချစ်ကို ကြည့်ကာ သက်ပြင်းခိုးချမိသည်။
တကယ်တော့ သားက ကိုးချစ်ကို မပြောခိုင်းပါ...ကလေးက လွမ်းနာကျပြီး ပိန်ကာနေတော့တာမို့ သားရှိတဲ့နေရာကိုပြောပြလိုက်တာပါ....
နေတဲ့နေရာအတိအကျမသိရတာတောင် ကလေးက လိုက်ဖို့ပြင်နေတာဖြစ်သည်။.
.ကိုးချစ်ကတော့ သူငယ်ချင်းတွေကို အပူကပ်ပြီး သွားဖို့ပြင်နေသည်။
အစကတော့ မရင်းနှီးသည့်နေရာဖြစ်သည့်အပြင် မိုးရာသီပြီးကာစမို့ လမ်းခရီးစိုးရိမ်ကာ မသွားချင်ကြ...နောက်တော့ ရတနာတို့အတန်းရှိ ဖလမ်းသူကောင်မလေးတစ်ယောက်က သူ့အစ်မ မင်္ဂလာဆောင်ရှိလို့ ပြန်မယ်ဆိုတာနဲ့ ကိုးချစ်ကို သနားကြတာရောပေါင်းကာ သွားဖို့ကြုံလာသည်။
မင်္ဂလာဆောင်သည့် ဖလမ်းသူ အစ်မကို ဦးသုံးကြိမ်ချချင်စိတ်ပင်ပေါက်သည့်အထိ ကိုးချစ် ကျေးဇူးတင်ရသည်။" အရှင်ဘုရား.... ဘုရားတပည့်တော်မသည် ဒီတစ်ခေါက်ခရီးတွင် ကိုကို့ကို မတွေ့ခဲ့ပါက အပြီးတိုင်မေ့လိုက်ပါမည် ဘုရား....
ဖူးစာမှန်ခဲ့ပါက ပြန်လည်တွေ့ရပါလို၏ ဘုရား....''
YOU ARE READING
နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )
Romanceရွယ်တူ သူငယ်ချင်းနှစ်ယောက်က မွေးပေမယ့် အသက် ၁၂ နှစ်ကွာတဲ့ ကိုကိုနဲ့အူကြူးလေးတို့အကြောင်း