Da Vinci Glow
ကြယ်ရောင်စုံသော ညဖြစ်သည်။ ပြိုးပြိုးပျက်ပျက်လက်နေသော ကြယ်များကြားတွင် အေးချမ်းသိမ်မွေ့စွာ ကမ္ဘာမြေကိုအလင်းပေးနေသော ခုံးမျက်စလခြမ်းကွေးကလေးလဲရှိနေခဲ့သည်။ ညသည် ပြီးပြည့်စုံသည်။ ငြီးငွေ့ဖွယ်မရှိ။ ပြစ်ချက်မရှိ။
ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ်အရွယ်အသီးသီးရှိကြသော ကလေးလေးနှစ်ယောက်သည် မြက်ခင်းပြင်ကျယ်ပေါ်တွင် ဘေးချင်းယှဉ်လဲလျောင်းလျက် အေးချမ်းလှပသောညကောင်းကင်ယံကို စိတ်ဝင်တစားကြည့်နေကြသည်။ အပူအပင်ကင်းမဲ့သော ကလေးဘဝတွင်တော့ တဖျတ်ဖျတ်လတ်နေသော ကြယ်ကလေးများကိုကြည့်နေရသည်ပင် ပျော်ရွှင်စဖွယ်ဖြစ်နေတတ်သည်မဟုတ်ပါလား။
"ခုနက တီဗွီမှာ ကိုကိုတို့နားထောင်ခဲ့တဲ့ Da Vinci Glow ဆိုတာ အဲ့တာပဲလေ ဆွန်းဟန်နီး...ဟိုး တောက်ပနေတဲ့ လခြမ်းကွေးလေးရဲ့ အမှောင်ဘက်အခြမ်းကိုတွေ့လား... လုံးဝမှောင်နေတာမျိုးမဟုတ်ပဲနဲ့ မှိန်ဖျော့ဖျော့လေး လင်းနေတဲ့အပိုင်းလေ... အဲ့အပိုင်းကလေးက Da Vinci Glow ပဲ"
သူ့ကိုယ်သူကိုကိုဟုရည်ညွှန်းသော ကောင်ကလေးသည် ကောင်းကင်ယံထက်က လခြမ်းကွေးကလေးကို လက်ညှိုးညွှန်ပြလျက် စိတ်အားထက်သန်စွာပြောသည်။ ဆွန်းဟန်ဆိုသူကောင်ကလေးကတော့ ညွှန်ပြနေသော လခြမ်းကွေးကလေးကို ကြည့်မနေ။ အားကြိုးမာန်တက် ရှင်းပြနေသော သူ့ဘေးနားက မျက်ဝန်းကြည်ကြည်တောက်တောက်ကလေးတွေကိုသာ ငေးကြည့်နေမိလေသည်။
"အရမ်းလှတယ်မလား ဆွန်းဟန်နီး..."
ရုတ်တရက်သူ့ဘက်ကို ခေါင်းကလေးစောင်းလာသူကြောင့် လူမိသွားသောကောင်ငယ်လေးသည် မျက်ဝန်းကြည်ကြည်တောက်တောက်ကလေးတွေဘက်ကနေ လခြမ်းကလေးဆီကို ချက်ချင်းအကြည့်ပို့လိုက်သည်။
"သားကတော့ လခြမ်းကလေးကိုပဲ ပိုကြိုက်တယ်... ကြယ်လေးတွေထက်ပိုကြီးပြီး ကိုကိုပြောတဲ့ Da Vinci Glow ထက်လဲ ပိုတောက်ပတယ်လေ..."
"အင်း..... ဒါဆို ဆွန်းဟန်က လခြမ်းကလေးလုပ်လေ... ကိုကိုက Da Vinci Glow ဖြစ်ပေးမယ်..."
YOU ARE READING
Da Vinci Glow
Fanfictionကြယ်တွေနေရာယူလို့ လင်းလက်နေတဲ့ကောင်းကင်မှာတောင် မင်းကိုငေးကြည့်ရင်းပဲ ဖြစ်တည်ပါမယ်... ကိုယ်ဟာ မင်းအတွက် Da Vinci Glow ... (Only Unicode avaliable)