၂၀၁၉, မတ်လ, ၂ရက်
ဟုန်းအိမ်တော်ဝင်းအတွင်းတွင် ဝတ်ကောင်းစားလှနှင့် လူအများစည်ကားလျက်ရှိသည်။ ခြံဝင်းကျယ်ကြီးကို သိမ်မွေ့စွာတောက်ပသော ဝါကျင့်ကျင့်နီယွန်မီးသီးများဖြင့်အလှဆင်ကာ အိမ်တော်ကိုလာရောက်သူဧည့်သည်များအတွက် စားပွဲဝိုင်းအသီးသီးဖြင့် ကောင်းပါပေ့ဆိုသော အစားအသောက်များကို အလျှံအပယ်ထားရှိပေးထားသည်။
ယနေ့သည် ဟုန်းအိမ်တော်မှ သားကြီး၏ တစ်ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ဖြစ်သည်။
"ကိုကိုရေ..."
ဆွန်းဟန်တစ်ယောက် အချိန်အတော်ကြာငြိမ်သက်နေတဲ့ ကိုကို့အခန်းတံခါးလေးကိုခေါက်ရင်း အခန်းရှေ့မှာမတ်တပ်ရပ်နေလိုက်တယ်။ ခဏအကြာမှာ အခန်းတံခါးလာဖွင့်ပေးတဲ့ ကိုကိုက သူ့ကိုပြုံးပြရင်း ဝင်လာခဲ့ဖို့ပြောပေမယ့် တံခါးဝမှာ မတ်တပ်ကြီးမေ့နေတာကသူ။
နေပါဦး။ ဒီကိုကိုက လူသားလေးရော ဟုတ်ရဲ့လား။ ကောင်းကင်ဘုံက နတ်သက်ကြွေလာတဲ့ နတ်သားလေးများလား။
ကိုကိုက ဆင်စွယ်ရောင်ပိုးသားအပျော့နဲ့ ချုပ်ထားတဲ့ရှပ်လက်ရှည်ကို လည်စည်းလေးအဖြူလေးနဲ့အတူ တွဲဖက်ဝတ်ဆင်ထားတယ်။ စတိုင်ပန့်အနက်ရောင်ကို သေသပ်ကျနစွာ ဝတ်ဆင်ထားပြီး အမြဲလိုလိုသဘာဝအတိုင်းပဲထားတတ်တဲ့ ဆံပင်ရှည်တွေကို အဖျားလှိုင်းတွန့်လေးတွေ ကောက်ထားခဲ့တယ်။ လမ်းတစ်ချက်လျှောက်လိုက်တိုင်း လေအလွင့်မှာဝေ့ဝဲသွားတဲ့ နူးနူးညံ့ညံ့ပိုးသားအင်္ကျီကို ချပ်ချပ်ရပ်ရပ်ကိုယ်ခန္ဓာကိုယ်ပိုင်ရှင်က ဝတ်ဆင်လိုက်တဲ့အခါ သိမ်မွေ့လွန်းတဲ့ဆွဲဆောင်မှုတစ်ခုဖြစ်တည်လေတယ်။
ညှို့ငင်အားကောင်းတဲ့ မျက်ဝန်းလှလှတွေမှာ ပြာလဲ့လဲ့lensတွေ တပ်ဆင်လိုက်တဲ့အခါ၊ မာမီ့ဆီက အမွေရထားတဲ့ နှုတ်ခမ်းလှလှဟာ သဘာဝအတိုင်းပန်းရောင်သမ်းနေတဲ့အခါ၊ သွားလာလှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက အကြည့်မလွှဲချင်လောက်အောင် လှရက်လေတဲ့အခါ။ ဒုက္ခပဲ။ ဆွန်းဟန်က သူ့ကိုကိုလှလှလေးကို ဘယ်သူမှမမြင်နိုင်တဲ့ တစ်နေရာရာမှာပဲ ပြေးဖွက်ထားချင်လိုက်တော့တယ်။
YOU ARE READING
Da Vinci Glow
Fanfictionကြယ်တွေနေရာယူလို့ လင်းလက်နေတဲ့ကောင်းကင်မှာတောင် မင်းကိုငေးကြည့်ရင်းပဲ ဖြစ်တည်ပါမယ်... ကိုယ်ဟာ မင်းအတွက် Da Vinci Glow ... (Only Unicode avaliable)