လခြမ်းကလေးနှင့်ဝေးရာဆီ

273 25 13
                                    

လက်ရှိကာလ

"သားဒီနှစ်အတွင်းမှာပဲ သွားချင်ပါတယ် ဖေဖေ... ဖေဖေ သားပြောတာကို ဘယ်လိုမြင်လဲ ဟင်..."

"သားကောင်းဖို့အတွက်ပဲကို ဖေဖေခွင့်မပြုစရာအကြောင်းမရှိပါဘူး... ဒါနဲ့ ကျောင်းကိစ္စတွေရော..."

"မေမေ စီစဉ်ပေးမယ်လို့ပြောပါတယ် ဖေဖေ... မေမေက သားအဲ့ကျောင်းတက်ဖို့ လွန်ခဲ့တဲ့နှစ်တွေထဲက စုံစမ်းနေခဲ့တာတဲ့လေ..."

"သားရှေ့ရေးအတွက်ရော သားဝါသနာအတွက်ရော အရမ်းကောင်းတယ်ဆိုတာ ဖေဖေသိပါတယ်... သားသွားမယ်သာသိကြည့်...ဟုန်းဆွန်ဟန်တို့တော့ ရှယ်သောင်းကျန်းတော့မှာပဲ..."

စာကြည့်ခန်းအတွင်း လေထုသည် ရုတ်တရက်ဝမ်းနည်းဖို့ကောင်းစွာပင် တိတ်ဆိတ်သွားသည်။ ဖေဖေက သူ့အားပြုံးရင်းရယ်ရင်းပြောနေသော်လည်း စိတ်မကောင်းဖြစ်နေသည်ကို သူသိပါသည်။ အတူတူနေလာတဲ့ နှစ်တွေက နည်းတာမှမဟုတ်တာ။ သူသည်လည်း သားအရင်းထက်မလျော့စေရတဲ့မေတ္တာနဲ့ ဆက်ဆံပေးခဲ့တဲ့ ဖေဖေ့နှင့်မခွဲချင်ပါ။ အေးချမ်းတဲ့မေတ္တာရိပ်ကနေ ရုန်းထွက်ဖို့မလွယ်ကူပေမယ့် သူအဲ့ဒီမေတ္တာရိပ်ကို ကျေးဇူးမကန်းမိဖို့ရာ သွားမှဖြစ်မှာပါလေ။

ထိုအချိန် ရုတ်တရက်ဝုန်းခနဲပွင့်လာသော တံခါး။

"ဘယ်ကိုသွားမှာလဲ... ကျွန်တော့်ကိုမပြောဘဲ ကိုကိုဘယ်များသွားဖို့တွေးနေသလဲ..."

ဘာမှမသိသလိုမေးလိုက်သော အပြုံးတွေနှင့်ဆန့်ကျင်စွာ ဆွန်းဟန်မျက်လုံးတွေဟာ နီရဲနေသည်။ ကျားနာပေါက်တစ်ကောင်လို သူ့အားစူးရဲစွာကြည့်နေသည့် ထိုမျက်လုံးအစုံကို ဝန်ဘင်းမှာတော့ မကြည့်ရဲစွာ၊ မကြည့်ရက်စွာနှင့်ပင် အကြည့်လွှဲလိုက်ရပါသည်။

"ဟုန်းဆွန်းဟန်... အခန်းထဲဝင်ရင် တံခါးခေါက်ရမယ်ဆိုတာ မသိဘူးလား... အလိုလိုက်ထားတော့ မင်းဆိုးချင်တိုင်းဆိုးလို့ရမယ် ထင်နေလား..."

"တောင်းပန်ပါတယ် ဒယ်ဒီ... သားသတိမထားလိုက်မိဘူးဖြစ်သွားတယ်... ကိုကို့ကို ခဏခေါ်သွားမယ်နော်..."

ဖေဖေ့အော်သံကိုပင် နားမထောင်တော့ဘဲ သူ့လက်ကို ဆွဲကိုင်ရင်း အကြမ်းပတမ်းဆွဲခေါ်သွားတဲ့ ဆွန်းဟန်က သူသိတဲ့ကောင်ငယ်လေးမှ ဟုတ်ပါရဲ့လား။ သူကတော့ ဆွဲခေါ်ရာနောက်ကို တွန်းလှန်နိုင်စွမ်းမရှိဘဲ အရုပ်ကလေးတစ်ရုပ်လို ပါသွားရသည်။ ခြံဝင်းကျယ်ကြီးရဲ့ ခရီးတစ်ဝက်လောက်ရောက်တဲ့အထိ ဆွန်းဟန်က သူ့ကိုလွှတ်မပေးလာခဲ့ပါ။

Da Vinci GlowWhere stories live. Discover now