"ပီနန်း..."
"ပြောလေစ"
ပီနန်းက ကားပြတင်းပေါက်ဘက်လှည့်နေရာမှ စောဖြူဘက်သို့လှည့်လာသည်
အရှေ့ကကားသမားကလည်းသူ့အလုပ်မဟုတ်သည့်အတိုင်းဘဲကားကိုဆက်၍မောင်းနေလိုက်သည်"ခွန်းမိုင်တို့ အကြောင်းသိချင်တယ်"
"...."
"ခွန်းမိုင်က စောဖွားငယ် ကိုကြည့်တဲ့အကြည့်မှာစိုးရိမ်ပူပန်ဟန်တွေပါနေတယ် အဲ့တာ ဘာလို့လည်း စောဖြူသိချင်တယ်"
ပီနန်းက သက်ပြင်းတစ်ချက်ချပြီးခေါင်းငြိမ့်ပြသည်
<လွန်ခဲ့သော၁၀နှစ်>
၁၉၂၀ခုနှစ်လင်းခေးမြို့သို့အခြေချပြောင်းလာခဲ့တဲ့ ပိုးထည်ပိုင်ရှင် သူဌေး ကြီး ဦး မာန်နိုင် နဲ့ သူ၏ဇနီး ဒေါ်ခွန်းရွှေထားမိုင် တို့လင်မယားနှစ်ယောက်မှာ အရမ်းချစ်ဖို့ကောင်းတဲ့ ခွန်းမိုင်စပ်နွမ် ဆိုတဲ့ သမီးလေးတစ်ယောက်နဲ့ မာန်ကောင်းနိုင်ဟိန်း ဆိုတဲ့ သားတစ်ယောက်ပါလာခဲ့တယ်
သားကြီးက သန်မာထွားကြိုင်းသလောက်
သမီးငယ် ခွန်းမိုင်လေး မှာမူ ချူချာ၍ အကောင်ညှက်သည့် အတွက် မိဘတွေမှာအမြဲပူပန်ခဲ့ရတယ်ထိုနေ့ကိုမှတ်မှတ်ရရ မှတ်မိနေသည်
ခွန်းမိုင်ကသူတို့နဲ့ဆော့နေတုန်း အမောထဖောက်တာပင်"ခွန်းငယ်!!ခွန်းငယ်!!!"
စဝ်ခွန်း နဲ့ မြတ်မဟာ နှစ်ယောက်လုံးမှာ ခွန်းငယ်ကို စိတ်ပူတကြီး လှမ်းခေါ်သည်
နောက်ဆုံး စဝ်ခွန်းမဟာနွယ် ကဘဲ ခွန်းမိုင်ကို ချီ လို့
သူတို့အိမ်နားက ဆေးဆရာစီပြေးသွားသည်
မြတ်မဟာ က မူ အိမ်ထဲတွင် စကားပြောနေသောနှစ်ဖက်မိဘတွေစီပြေးကာ အကြောင်းကြားသည်"သမီးလေး...အကို ကျွန်မတို့သမီးလေးကိုသွားကြည့်ရအောင်..!"
ခွန်းမိုင်ရဲ့ အမေ ဒေါ်ခွန်းရွှေထားမိုင် က သူ၏ခင်ပွန်းသည်ကို အလောတကြီး ပြော၍ နှစ်ဖက်မိဘ လုံးက ကားကိုယ်စီနဲ့ ခွန်းမိုင်ရှိရာဆေးဆရာရဲ့အိမ်စီ သွားကြသည်
ဆေးဆရာအိမ်ရောက်သည့်အချိန်တွင် အိမ်ရှေ့ကွပ်ပျက်လေးတွင် ထိုင်နေသော စဝ်ခွန်းမဟာနွယ်ကိုတွေ့ရသည်
YOU ARE READING
ချစ်ကြိုးသွယ်သည့်လင်းခေးနယ်
Romanceby ဝေဟင်နွယ် မြတ်မဟာရွှေရည်+စောဖြူခင် (main couple-gl) စဝ်ခွန်းမဟာနွယ်+ခွန်းမိုင်စဝ်နွမ် (side couple-normal) မာန်ကောင်းနိုင်ဟိန်း+မိုးထက်လွန်း (Side couple-bl)