အပိုင်း၅

17 0 0
                                    

တအိအိနဲ့​ရွေ့လျားလာတဲ့ သူ​ဌေးကြီး​တွေဘဲစီးတတ်တဲ့ကားထဲမှာ မိုးထက်တစ်​ယောက် မူး​နောက်ပြီး​အော့အန်ချင်စိတ်က ထိန်းမရ

စောဖြူခင် မင်းဒုက္ခ​ပေးလှချည်လား​သေနာမ​လေးရဲ့
ငါလည်းနင့်ကိုယူချင်တယ်များထင်​နေလား

စောဖြူကိုစိတ်ထဲက​နေသာကြိမ်ဆဲမိ​နေသည်
သူ့နာမည်က မိုးထက် အပြည့်အစုံက​တော့ မိုးထက်လွန်း ဘိလပ်ပြန်မြို့အုပ်ငယ်​လေးတစ်​ယောက်​ပေါ့
ယခုမှာမူရန်ကုန်မှလင်း​ခေးထိ လိုက်ပြီး ရှာ​နေရသည့် အချစ်ရဆုံးသူငယ်ချင်း​လေး​ကျေးဇူး​ကြောင့်​အော့အန်မိ​တော့မတတ်ကားကိုစီးခဲ့ရသည်

"သခင်​လေး..ကားပျက်သွားပြီ.."

သူ၏အလုပ်သမားက​ပြော၍ကား​ပေါ်ကဆင်းသွားသည်
ကြာလျှင်ကား​ပေါ်မှာပူ​နေ​တော့မှာမို့သူလည်းကားထဲကထွက်လာလိုက်သည်
"ကားက ကြာမှာလား ပြင်တာ?"

"ကားကဆီကုန်သွားတာ သခင်​လေး နဲနဲ​တော့ကြာလိမ့်မယ်"

ချီးပဲ
သူစိတ်ထဲက​ပြောမိသည်
ထို့​နောက်သူလည်းအရိပ်ရသည့်တစ်​နေရာရာတွင်ထိုင်​နေလိုက်သည်
ကားပြင်သည်မှာကြာအုံးမည်မို့နားထားရမည်

သူအနားယူ​နေတုံးသူတို့ရှိသည့်နားသို့တစ်ဖြည်းဖြည်းရွေ့လျားလာသည့်ကား​လေးတစ်စီး

"တိုးချစ် ဟိုမှာကားတစ်စီး!"
သူ့တပည့်ကိုလှမ်း​ပြောမိသည်

"ဟုတ်လားဆရာ!?ဘယ်မှာလည်း"

"ဟေ့​ကောင်​တွေ့ရလား?"
သူ၏တပည့်ကိုကားရှိရာဘက်လက်ညှိုးညွှန်ပြ​တော့
တိုးချစ်ကတစ်ချက်ကြည့်လိုက်သည် ပြီး​နောက် သူ့ဘက်လှည့်သည်

"ဆရာ..!အဲ့ဒါ ဒီနယ်တဝိုက်က သူ​ဌေးတစ်​ယောက်ဖြစ်မယ်ထင်တယ်"

"ဟုတ်မယ်ကွ!"

သူတို့လည်းအကူအညီရလိုရငှားလှမ်းတားမိသည်
ကားက​စျေးကြီးသည့် နိုင်ငံခြားဖြစ်ကားတစ်စီး
အနက်​ရောင်ကားဟာ​နေ​ရောင်ထဲမှာ​ပြောင်လက်လို့
ကားဟာသူတို့စီတစ်ဖြည်းဖြည်းနီးလာပြီးသူတို့၏အနားတွင်ရပ်လိုက်သည်
ကားထဲမှအသက်၃၀ကျော်​ေလောက်ရှိမည့်လူတစ်ဦးထွက်လာသည်
ဝတ်ထားစားထားသည်မှာသူ​ဌေးမှန်းသိသာသည်
အနက်​ရောင်လယ်ကတုံးတိုက်ပုံနှင့်ပုဆိုးတို့ကိုဝတ်စားထားသည်မှာပနံသင့်လှသည်ပါးစပ်ထဲတွင်လည်းနိုင်ငံခြားထုတ် ဘားမားစတိတ် စီးကရက် တစ်လိပ်ကိုခဲ၍ သူ၏တုတ်​ကောက်ကိုတစ်​တောက်​တောက်​ထောက်၍ကျွန်​တော်တို့ရှိရာဆီတစ်ဖြည်းဖြည်း​​လျောက်လာသည်

ချစ်ကြိုးသွယ်သည့်လင်း​ခေးနယ်Where stories live. Discover now