အပိုင်း ၃

16 2 0
                                    

​စောဖြူဧည့်ခန်းထဲတွင်ထိုင်​နေသည် ယမန်​နေ့က ခြံထဲ သူဝယ်လာတဲ့ပျိုးပင်​လေး​တွေကို​ရေ​​လောင်း​ပေးရင်အပူရှပ်သွားသည်ထင်သည်​နေလို့ထိုင်လို့မ​ကောင်း
ကြီး​မေက ​ရေ​လောင်း​ပေးမယ်​ပြောတာ​တောင် ​ခေါင်းမာပြီးသူကိုယ်တိုင်​ထွက်​လောင်း​တော့ဒီလိုဖြစ်တာသူ့ထိုက်နှင့်သူ့ကံလို့ဘဲ​တွေးမိသည်

သူဒီ​နေ့ဝတ်​နေကျ ဆွဲကြိုး​လေး​တောင်မဝတ်နိုင် လူကလည်းဖြူ​ဖျော့​နေသည် ကြီး​​မေ လာတိုက်သည့်ဆန်ပြုတ်ကိုကြိတ်မှိတ်​သောက်​နေရသည်
​စောဖြူဟာဆန်ပြုတ်ကြိုက်သူမဟုတ် ထိုသို့မပြစ်မကျဲ ​ပေါ့လွန်းတဲ့ဟာကြီးကို​စောဖြူမကြိုက် ကြီး​မေကကြက်သားဖက်​လေး​​တွေ ထည့်ထား​ပေးလို့သာ စားလို့ရသည်ဖြစ်သည်

"မမ​လေး....​ဆေး​လေး​သောက်လိုက်​နော် ကြီး​မေ မမ​လေးကြိုက်တဲ့ သကြားခဲ ​လေးပါထားထားတယ် ​ဆေးခါး​သောက်ပြီးစားလိုက်​နော်"

ကြီး​မေကသူ့ကို​ပြောသည် သူကြည့်လိုက်​တော့​ဆေးခါးရည် ​တွေထည့်ထားတဲ့​ရေ​နွေးခွက်ထက်နဲနဲကြီးတဲ့ခွက်​လေးရယ် ​ရေထည့်ထားတဲ့ဖန်ခွက်ရယ် ပြီး​တော့ ​ဆေးခါးရည်ခွက်​ဘေးမှာသကြားခဲ​လေးရယ်တင်ထားတဲ့ ဗန်းကို​စောဖြူ​​ရှေ့မှာချလိုက်သည်

​စောဖြူကငယ်ငယ်တည်းက အားနည်းသည့်က​လေးဖြစ်၍​နေမ​ကောင်း ခဏခဏ ဖြစ်တတ်ပြီး ​​ဆေးခါး​တွေအမြဲ​သောက်ရသည် ​စောဖြူသည် ထို​ဆေးခါး​တွေကို​သောက်ပြီး​တိုင်း လျှာ​ပေါ်မှာကျန်ခဲ့တဲ့ခါးသက်သက် အရသာကို​စောဖြူအလွန်မနှစ်သက်​ပေ
ထို့​ကြောင့်​ဆေး​သောက်ပြီးတိုင်း အချိုစားတတ်သည့်အကျင့်ကငယ်ငယ်တည်းကဖြစ်သည်

​စောဖြူ ​ဆေးခါးခွက်ကိုယူ၍တစ်ချက် နမ်းကြည့်လိုက်သည် အနံ့ဟာ မ​ကောင်းလှ
​စောဖြူလည်းနှာ​ခေါင်းပိတ်၍ထို​ဆေးခါးများကို​​မော့ချလိုက်သည် ထို့​နောက်​ရေ​သောက်ပြီး စက္ကန့်​တောင်မခြား သကြားခဲ​လေးကိုပါးစပ်ထဲထည့်လိုက်သည်

ထို့​နောက်အိမ်​ရှေ့​တွင် ​ခေါ်သံကြား၍ထွက်ကြည့်သည် ကြီး​မေကအ​ပေါ်ထက်တွင် သန့်ရှင်း​ရေးလုပ်​နေ၍ မကြား​သော​ကြောသ်း​စောဖြူကဘဲထွက်ကြည့်လိုက်သည် ​ခေါင်းက ​​တော့ မူး​နောက်​နောက်

ချစ်ကြိုးသွယ်သည့်လင်း​ခေးနယ်Where stories live. Discover now