PONY|kv.

17.7K 932 101
                                    

unicode

ဆိုး(လ်)မြို့၏ရဲစခန်းတစ်ခုအတွင်း ရဲလုပ်သားအချို့ဟာ ဗိုလ်ကြီး၏ ရုံးခန်းအတွင်းသို့ရောက်နေခဲ့ကြသည်။

'ဒုန်း!'

"မင်းတို့ကောင်တွေ အဲ့လောက်တောင်စောက်သုံးမကျဘဲ ဘယ်လိုရဲဖြစ်နေကြတာလဲ ဟမ်! မိန်းမတစ်ယောက်ကိုတောင် မိအောင်မဖမ်းနိုင်တဲ့အထိ တုံးအ နေကြတာလား"

ဗိုလ်ကြီးဟာ စားပွဲခုံကိုလက်သီးနဲ့ဆောင့်ရိုက်ချလိုက်ပြီးသည်နှင့် ဒေါသမီးဟုန်းဟုန်းတောက်နေသော စကားသံတို့မှာလည်း ပြတ်သားစွာထွက်လာခဲ့တော့သည် ။ သူ၏လက်အောက်ကရဲလုပ်သားတွေမှာလည်း ‌ဤသို့အအော်အငေါက်ခံရခြင်းအတွက် စိတ်မကျေနပ်သည့်တိုင် ခေါင်းငုံ့ကာနေနေကြရစဲ ။ ထိုအထဲကမှ ထိုရဲလုပ်သားတွေရဲ့ခေါင်းဆောင်ဖြစ်သော ရဲမှူးကမကျေနပ်စွာစကားပြန်ပြောလာခဲ့သည် ။

"အဲ့ဒါ‌မိန်းမ မဖြစ်နိုင်ဘူး ဗိုလ်ကြီး! ယောက်ျားပဲ ကျွန်တော်တို့ကို စိတ်ဇဝေဇဝါဖြစ်အောင်-"

"မင်းကငါ့ထက်တတ်နေရင် ငါ့ရာထူးမှာလာနေနေလိုက်လေ!"

ဗိုလ်ကြီးပြန်ပြောလိုက်တဲ့စကားက ထိုရဲမှူးရဲ့မျက်နှာကိုဖြတ်ရိုက်သလိုပင်။ ချက်ချင်းအသံတိတ်သွားစေခဲ့သည် ။

"နောက်တစ်ခါ သူ့ကိုဘယ်နေရာမှာတွေ့တွေ့ အသေရရ အရှင်ရရဖမ်းခဲ့!"

"ဗိုလ်ကြီးဂျွန်! ကျွန်တော်တို့သူ့ကိုသတ်ခွင့်မရှိဘူးလေ"

"ငါသတ်ခိုင်းတယ် ဟုတ်ပြီလား .. အဲ့ဒီ့တရားခံသတ်ထားတဲ့ လူကတစ်ယောက်နှစ်ယောက်တည်းမို့လို့လား! ၂၄ ယောက်ကွ ..၂၄ ယောက်! တောက် !!"

ဗိုလ်ကြီးဟာပြောလို့ပြီးသည်နှင့်တောက်ခေါက်ကာ သူ၏ရွှေ၀ါရောင်ဆံပင်များကို လက်တို့ဖြင့်ခပ်ကြမ်းကြမ်းဆွဲဖွပစ်လိုက်သည်။ ရဲလုပ်သားတွေလည်း ဗိုလ်ကြီးပြောတဲ့စကားက ဟုတ်နေတော့ ဘာမှပြန်မပြောနိုင်တော့။

တကယ်ပဲ စီးပွားရေးထိပ်တန်း အမျိုးသားကြီး ၂၄ ယောက်ကို သတ်သွားတဲ့သူ အမျိုးသမီးတစ်ယောက်ဟုတ်နေပါရဲ့လား ။ cctv မှတ်တမ်းတွေအရရော .. မျက်မြင်သက်သေအချို့ကပါထွက်ဆိုထားတာက ထိုတရားခံဟာ ရွှေဝါရောင်လိုလို အဝါနုရောင်လိုလို ဆံပင်ရှည်နှင့်အရပ်မြင့်မြင့်အမျိုးသမီးတစ်ဦးဖြစ်နေခဲ့သည် ။

PONY | KVWhere stories live. Discover now