WARNING ⚠️
unicode
ဂျောင်ဂု၏ ၁၈ နှစ်ပြည့်မွေးနေ့တွင်ဖြစ်သည်။ ည ၈ နာရီလောက် အိမ်ရှေ့ခြံ၀န်းထဲမှာပဲ ကျင်းပထားတဲ့မွေးနေ့ပွဲမှာ တက်ရောက်လာကြသူများက လူငယ်အနည်းငယ်မျှလွဲ သိပ်တော့ရှိမနေပါ ။ ဒါကလည်း ဂျောင်ဂုအပေါင်းအသင်းထက် ကိုကို့အပေါင်းအသင်းတွေက ပိုများနေပါသေးသည်။ ဂျောင်ဂုကကိုကို့လောက်လည်းအပေါင်းအသင်းမများသလို အခုလိုမျိုးလည်း လူအများနဲ့နေရတာသိပ်ကြိုက်တာမဟုတ်တော့ မွေးနေ့ရှင်ပြီး သင်းကွဲနေသည့်အခြေအနေကိုရောက်သည်။
ဒီမွေးနေ့ပွဲကလည်းကိုကို့ဆန္ဒကြောင့်သာ လုပ်ဖြစ်လိုက်ခြင်းဖြစ်သည်။ ကိုကိုကသူ့သူငယ်ချင်းတွေနဲ့စားပွဲတစ်ခုမှ ထိုင်နေရင်း ဂျောင်ဂုကတော့ ဖေဖေနဲ့သာထိုင်နေခြင်းဖြစ်သည် ။
"သားငယ်မွေးနေ့လား သူ့မွေးနေ့လားတောင် မသဲကွဲတော့ဘူး"
ဖေဖေပြောတဲ့စကားကြောင့် ဂျောင်ဂု ပါးချိုင့်လေးများပေါ်သည်အထိပြုံးလိုက်သည်။ တစ်ဖက်စားပွဲက ကိုကို့ကိုလှမ်းကြည့်မိတော့ ကိုကို သူတို့သားအဖဖက်ကိုတောင် လှည့်မကြည့်။ ကိုကို့သူငယ်ချင်းတွေက ယောက်ျားလေးတွေချည်းပဲမို့ စားပွဲဝိုင်းထဲမှာ ဆံပင်ရွှေဝါရောင် ပုခုံးအကျော်ထိအရှည်လေးနဲ့ကိုမှ ဒူးအထက်လောက်သာရှိသော ဘောင်းဘီအပွကို free ဆိုဒ်အင်္ကျီနှင့်တွဲ၀တ်ထားသောကိုကိုက ယောက်ျားလေးတွေကြား၀င်ထိုင်နေတဲ့ကောင်မလေးတစ်ယောက်နှင့်ဆင်တူနေသည်။ သ၀န်တိုသလိုလိုရှိနေပေမယ့် ဘေးမှာဖေဖေလည်းရှိနေတာမို့ လွှတ်သာထားရသည်။
"သားငယ်ကျောင်းပြီးတာနဲ့ရဲသင်တန်းတက်ရမယ်နော် ဖေဖေစီစဉ်ထားပြီးပြီ"
"ဟုတ်ကဲ့ ဖေဖေ သားတက်မှာပါ"
"မင်းကိုကိုကတော့ ဘာမှပြောလို့မရဘူး သူလုပ်ချင်တာ ဘာမှမရှိဘူးတဲ့"
ဂျောင်ဂုပြုံးမိပြန်သည် ။ကိုကိုကတကယ့်ကိုကလေးလိုလုပ်နေတော့တာပဲ။ သူကသာ ကိုကို့ကိုအချိန်ပြည့်ကာကွယ်ရဖို့ဘာတွေလုပ်ရမလဲ တွေးနေတာ။ ကိုကိုကတော့ အန္တရာယ်ဆိုတာကိုကြောက်ဖို့မပြောနဲ့ခေါင်းထဲမှာကိုမရှိဘူး။