PONY|past.2

6.9K 688 130
                                    

unicode

ည 8 နာရီခွဲအချိန်လောက်ကြီး ကားသုံးစီးဟာ တောနက်ကြီးတစ်ခုအတွင်းရှိနေခဲ့သည်။ ပုစဉ်းရင်ကွဲတွေတကျွိကျွိအော်နေသော အသံတွေကြားထဲမှာ ကြားနေရသည်။ မြေကြီးတွေကို ပေါက်တူးတို့ဖြင့် ထိုးဆွနေသည့်အသံတွေ။

"အဲ့လောက်ဆိုရပြီ .. အလောင်းတွေသွားယူလိုက်"

ဆေးလိပ်တစ်လိပ်ကို နှုတ်ဖျားမှာညှပ်ထားသော ထယ်ဟျောင်း၏ဖခင်က သူ့တပည့်တွေအား ခိုင်းစေလိုက်ခြင်း ။ ထိုအခါ လူလေးယောက်က သူတို့မောင်းလာသောကားတွေထဲမှ တစ်စီးဆီကိုသွားကာ ကားအတွင်းထဲကကြွပ်ကြွပ်အိတ်စကြီးတွေပတ်ထားသော သွေးသံတရဲရဲ ခန္ဓာကိုယ်လေးခုအား အသီးသီးသယ်ယူလာကြသည်။

'ဖုန်း! ဘုတ်'

အနက်လည်းမြင့်ပြီး အနံလည်းကျယ်သော ကျင်းကြီးထဲကို ရှေ့ဆင့်နောက်ဆင့်ပြုတ်ကျ‌လာသော လူသေလောင်းလေးခု။

"မြှုပ်လိုက်တော့"

ထယ်ဟျောင်း၏ ဖခင်ဟာ တပည့်ဖြစ်သူတွေကိုအမိန့်ပေး ရပ်ထားသော ကားတွေထဲမှာ audi အနက်ရောင်တစ်စီးဆီကို လျှောက်လာခဲ့လိုက်သည် ။ အနားကိုနောက်တော့ ကားနောက်ခန်းရဲ့ ဘယ်ဘက်က ပြတင်းတံခါးမှန်ကို လက်ဆစ်တို့နှင့်ခေါက်လိုက်၏ ။

"ဒေါက် ဒေါက်"

ထိုအခါ ပိတ်ထားသောမှန်က အောက်သို့ကျသွားပြီး အထဲမှာမြင်လိုက်ရသည်က သွေးတွေစွန်းထင်းနေသော ကျောင်းယူနီဖောင်းများအား၀တ်ဆင်ထားရသော သူ၏ သားလှရတနာလေးနှင့် မွေးစားသားလေး ။

"ဖေဖေ"

ထယ်ဟျောင်းသည် ဂျောင်ဂုရဲ့ရင်ခွင်ထဲမှာခေါင်းလေးမှီကာ ငြိမ်နေရင်းမှ ဖခင်ဖြစ်သူကိုမြင်တော့ မျက်နှာငယ်လေးနှင့်ခေါ်ရှာသည်။ ဂျောင်ဂုလည်းမျက်နှာမကောင်းလှ ။

"ဖေဖေ .."

"ဖေဖေ့အချစ်ကလေး .. ဘာမှမဖြစ်ဘူးနော်"

ထယ်ဟျောင်း၏ ဖခင်ကနှစ်နှစ်ခြိုက်ခြိုက်ပြုံးပြရင်း ထိုစကားကိုဆိုသည်။ ထိုမြင်ကွင်းကို ဂျောင်ဂုကြည့်ပြီး သိလိုက်တာတစ်ခုက ဖေဖေဟာဒီကိစ္စတွေနဲ့စိမ်းသက်နေတဲ့သူမဟုတ်ဘူးဆိုတာပင်။ ထို့အပြင်ဖေဖေက ကိုကိုနဲ့ပတ်သက်ပြီးဘယ်အရာကိုမှအပြစ်မြင်မှာမဟုတ်ဘူး ။ ကိုကိုတင်မကဘဲ သူ့အပေါ်ကိုရောပဲ။

PONY | KVWhere stories live. Discover now