unicode
ရဲသင်တန်းဆင်းပြီးသွားသောဂျောင်ဂုသည်အခုဆိုလျှင် ငယ်ငယ်ရွယ်ရွယ်နှင့် ဒုရဲအုပ်ရာထူးကိုထမ်းဆောင်တေရပြီဖြစ်သည်။ သို့ပေမယ့် ယနေ့ကတော့ သူစခန်းကိုသွားမှာမဟုတ်ချေ။ သူ၏ အဖေဖြစ်သူနှင့် အစ်ကိုဖြစ်သူနောက်ကို လိုက်ပေးရဦးမည်ပင်။
သူဟာရဲတစ်ယောက်ဖြစ်ပြီး ဖေဖေ့ရဲ့မွေးစားသားဖြစ်နေတယ်ဆိုတာလည်းဘယ်သူမှမသိစေရန် ဂျင်းဘောင်းဘီတစ်ထည် ၊တီရှပ်တစ်ထည်ကို၀တ်၍ အပေါ်ကနေ ခပ်ပွပွ ဂျာကင်ကြီးတစ်ခုကိုထပ်၀တ်ထားရသည်။ mask နဲ့ဦးထုပ်ကလည်း မပါလို့မရ။
"ဦးထုပ်ကြီးစောင်းမလို့လား"
ဂျောင်ဂုဘေးမှာ ရပ်ကာဂျောင်ဂုခါးကိုလက်နှစ်ဖက်နှင့်ဖက်ထားသောကိုကိုက မျက်ခုံးလေးကျုံ့ကာမေးလာခြင်းဖြစ်သည်။ ကျောလည်အထိရှည်နေပြီဖြစ်သည် ဆံပင်ရွှေဝါရောင်တွေကိုမစည်းဘဲ ဒီတိုင်းချထားတဲ့ကိုကိုက ရူးလောက်အောင်လှနေသည်။
"မစောင်းလို့ရမလားကွာ .. ဆံပင်အရောင်ကိုမှတ်မိသွားကြမှာပေါ့"
ဂျောင်ဂုဆံပင်ကအနက်ရောင်ဟုတ်မနေတော့တာကြာလေပြီ။ ထယ်ဟျောင်း၏စိတ်တိုင်းကျဖြစ်အောင် blonde ဆိုးပေးထားရတာ။ အခုလည်းသူဆိုးပေးထားတဲ့ ဆံပင်ကိုဦးထုပ်နဲ့အုပ်ထားရလို့ စိတ်ဆိုးသလိုလာပြောနေတာ။
"အတည်ပြောတာ .. မင်းနဲ့လိုက်ပါတယ်ဆို"
ဘေးကနေဘာလိုချင်မှန်းမသိ .. လာမြှောက်ပင့်နေသူကြောင့်ဂျောင်ဂုသွားတန်းဖွေးဖွေးတို့ပေါ်သည်အထိပြုံးမိသည်။ ကိုယ်ကိုပါ သူ့ဘက်ကိုလှည့်လိုက်ပြီး ခါးလေးကိုပြန်ဆွဲဖက်လိုက်ကာ ..
"ဒီနေ့မင်းက ဖေဖေ့လုပ်ငန်းတွေကိုလွှဲပြီးတာ၀န်ယူဖို့ ခြေလှမ်းစရမှာနော် ကိုကို .. မင်းရဲ့ပထမဆုံးခြေလှမ်းကို ငါ့နာမည်အော်ပြီးလှမ်းချင်လို့ အခုလိုလာလုပ်နေတာလား"
စသလိုနောက်သလိုပြောတော့ ကိုကိုကရယ်သည်။ ပြီးတော့ဂျောင်ဂုကို မျက်လုံးလေးမှေးကျဉ်းသလိုလုပ်ပြရင်း ပြန်ပြော၏ ။
"ငါကဒုစရိုက်သမားဖြစ်တော့မှာနော် ရဲမှူးကြီး"
"ကျစ်!"