CHAPTER - 1

481 43 0
                                    

Unicode

Chapter - 1 (ဇွန်ဘီ ကမ္ဘာပျက်ကပ် အတွင်း ကြမ်းတမ်းသောဘဝ)

သေးငယ်သောလူ့အခြေချနေထိုင်ရာ​နေရာလေးများတွင်
၊ လူသားများသည် ညဈေးတွင် စည်ကားနေလျက်ရှိကြသည် ။စျေးအနီးတွင်ကျယ်လောင်သော အော်ဟစ်သံများကို ကြားနိုင်သည်။ သေးငယ်သောပုံရိပ်လေးသည် အခြားသူများထံမှပုန်းကွယ်ကာ
မှောင်မိုက်နေသော လမ်းကြားထဲသို့ ပြေးဝင်သွားသည်။

ကျိုးယွဲ့ သည် စွန့်ပစ်ထားသော လမ်းကြားထဲသို့ ဂရုတစိုက် ပြေးဝင်သွားခဲ့သည်။

ဒီလိုညတွေမှာ ဒီလမ်းကြောင်းကိုရွေးချယ်ရတာအတော်စွန့်စားရာကျပြီးအန္တရာယ်ရှိတာသိ
ပေမယ့် သူကတော့ ဒီအရာကို သိပ်စိတ်မ၀င်စားပါဘူး။သူသည်  လမ်းကြားကို လမ်းငယ်သုံးပိုင်းဖြတ်ထားသောနေရာမှဖြတ်လာခဲ့သည်။ လမ်းဆုံတွင် ရပ်ကာ လမ်းအားလုံးကို စူးစူးစိုက်စိုက် ကြည့်နေသည်။ "ကမ်းခြေက ရှင်းနေတယ်"
(T/N: Coast is all clear လို့ရေးထားတာပါ
စကားဝှက်သုံးထားတာထင်ပါတယ်)

သူက ဘယ်ဘက်လမ်းကြားထဲကို တတ်နိုင်သမျှ အမြန်ပြေးသွားတယ်။ သူ၏ ခြေထောက်များသည် လျင်မြန်စွာ ရွေ့လျားသွားသဖြင့် မရေမတွက်နိုင်သော အဖြူရောင်အရိပ်တစ်ခုသာ ကျန်တော့သည်။ အနည်းငယ် ရယ်မောရင်း ကျိုးယွဲ့ သည် ပေါင်မုန့် အပိုင်းအစလေးကို ပျော်ရွှင်စွာ ကိုင်ဆောင်ကာ အောင်ပွဲခံခဲ့သည်။ နှစ်ရက်စာ စားဖို့ စိတ်ပူစရာ မလိုဘူး ဟဲဟဲ။

ရုတ်တရက် သူ့ခြေထောက်တွေကို တစ်စုံတစ်ခုက ဖမ်းမိသွားပြီး ခလုတ်တိုက်သွားတယ်။ သူ့ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားသည် ။ သူပြေးနေတဲ့ အရှိန်ကြောင့် သူ့မျက်နှာကို ကြီးကြီးမားမား ထိခိုက်ပျက်စီးသွား
စေနိုင်သလို သေတဲ့အထိတောင် ဖြစ်သွားနိုင်တယ်။ လျင်မြန်စွာ ရွေ့လျားပြီးနောက်ချက်ချင်း မျက်နှာကို လက်ဖြင့် ကာထားသည်။

သူသည် ကျယ်လောင်သော အသံနှင့်အတူ လဲကျသွားသည်။ လက်ကောက်ဝတ်နှင့် သူ့လက်နှစ်ဖက်တွင် နီရဲနေသော အပေါက်အပြဲများ ကျန်ရစ်ခဲ့သည်။ "ဟစ်...."သူ ထထိုင်လိုက်ပြီး သူ့ဒဏ်ရာပေါ်မှာတင်နေတဲ့
သဲမှုန်လေးတွေကို ပွတ်သပ်ပြီးခါချလိုက်သည် ။ "ငါ ဘာခုနကဘာနဲ့ ခလုတ်တိုက်မိခဲ့တာလဲ"
သူနောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာနံရံရဲ့တစ်ဖက် တစ်ချက်မှာချိတ်ထားတဲ့ဝိုင်ယာကြိုး
ကြီးတစ်ချောင်းကို တွေ့လိုက်ရတယ်။

ကမ္ဘာပျက်ကပ်အတွင်းမှာရှင်သန်နေထိုင်ဖို့မိန်းကလေးလိုဝတ်ထားရတယ် Where stories live. Discover now