CHAPTER - 5

316 37 9
                                    

Unicode

Chapter 5 - (အရင်အချိန်သို့ ပြန်လည်ရောက်ရှိသွားခြင်း)

ကျိုးယွဲ့ သည် အမှောင်ထု​ဖြင့် လွှမ်းခြုံခံထားရသည်။ ဒါပေမဲ့ ရံဖန်ရံခါတွင် အနီရောင်မီးမှိတ်တုတ်မှိတ်တုတ်လင်းလာတာကို ယောင်ဝါးဝါးမြင်နေရသည်။ ဒါက သူ့ကို အရမ်းစိတ်ရှုပ်စေ
တယ်။

'ဒါကကောင်းကင်ဘုံ(နတ်ပြည်)
တ လား။ ဒာအရမ်းစုတ်ပျက်လွန်း​နေတာမဟုတ်ဘူးလား ။' သူ သက်ပြင်းကို ညင်သာစွာ ချလိုက်သည် ။

"ယွဲ့ ...၊ မင်းအိပ်ချင်ယောင်ဆောင်မနေနဲ့။ နိုးနေပြီဆိုတာ ငါသိတယ်" လို့ တင်းမာတဲ့အသံနဲ့ ပြောလိုက်တဲ့ စကားသံတွေကို သူအတွေးတွေထဲမှာကြားနေခဲ့တယ်။

'ဘာလို့ ငါ့ရဲ့ မန်နေဂျာဟောင်းရဲ့အသံကို ငါ့စိတ်ထဲမှာ ကြားနေရတာလဲ.... အိုး..နောက်ဘဝက ဘယ်လို့ဒီလောက်တောင် ငြီးငွေ့စရာကောင်းပါလိမ့်' ဟု စိတ်အနှောက်အယှက်ဖြစ်စေသော အသံကို လျစ်လျူရှုရင်း တွေးလိုက်မိသည်.. ရုတ်တရက် သူ့၏ ပုခုံး ပေါ်တွင် ပိန်ပိန်ပါးပါးနဲ့ပိန်ပိန်သေးသေးလေးအဏာတစ်ခုကို ခံစားလိုက်ရသည်။ 'မဟုတ်မှ မင်း
လာထရက်ရှာလေး လား၊ပါးပါးနဲ့အတူ ကောင်းကင်ဘုံ(နတ်ပြည်) ကို လိုက်ခဲ့တာလား။ သူသည်ခေါင်းကို ဘေးလေး စောင်း၍ ညင်သာစွာ ပွတ်သပ်လိုက်သည်။

ကြမ်းတမ်းသောဆံပင်များက သူ့ပါးပြင်ပေါ်သို့ ကုတ်ခြစ်သွားသည်။ 'ဘေဘီလး ၊ မင်း ဆံပင်တွေ ဘာလို့ ဒီလောက် ဆိုးနေတာလဲ..။ မင်း ရေမြောင်းထဲ ဝင်သွားသေးတာ လား ငါ မင်းကို ရေချိုးပေးမှ
ရတော့မယ်' သူရနံ့ကို စစ်ဆေးရန် ညင်သာစွာ ရှူမိသော်လည်း ဆံပင်ဖြန်းရာတွင် အသုံးပြုသည့် ထူးထူးဆန်းဆန်း အတုအမွှေးရနံ့ကို ရှူရှိုက်မိပါသည်။

"မန်နေဂျာမုရေ ၊ ကျိုး က အိပ်ချင်ယောင်ဆောင်နေပြန်ပြီ" ဟု ကလေးဆန်သော အသံလေးနှင့် လူတစ်ယောက်ကဘေးကနေ ကျယ်လောင်စွာအော်လိုက်သည်။

"ကျိုးယွဲ့! မင်းငါ့စကားကို ဘာလို့ တစ်ခါလောက် နားမထောင်ရတာလဲ။ ဒါက မင်းရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ပဲ၊ မင်းရဲ့အနာဂတ်က ဒီအပေါ်မှာ မူတည်နေတယ်။ မင်းဘာလို့ ငါ့စကားကို နည်းနည်းလေးတောင်နားမထောင်ရတာ လဲ!"  ဘာလို့ သူရဲ့​​သေသွား တာကြာပြီဖြစ်တဲ့ မန်နေဂျာ ရဲ့ တင်းမာတဲ့ အသံကြီးနဲ့ လှမ်းအော်တာကိုကြားနေရတာလဲ။

ကမ္ဘာပျက်ကပ်အတွင်းမှာရှင်သန်နေထိုင်ဖို့မိန်းကလေးလိုဝတ်ထားရတယ် Where stories live. Discover now