CHAPTER - 2

236 41 2
                                    

Unicode

Chapter - 2 (သတင်းအချက်အလက်စုံစမ်းပေးသူ)

နောက်နေ့မနက်မှာတော့ ကျိုးယွဲ့ဟာ ဈေးဆိုင်ငယ်လေးတစ်ခုကိုသွားပြီး ထောင့်တစ်နေရာမှာသူဟာ ရပ်နေခဲ့တယ်။ဒီနေရာက သူအလုပ်ရှာဖွေ လေ့ရှိတဲ့နေရာတစ် နေရာဖြစ်သည်။ လူတွေက သူ့ဆီလာပြီး သတင်းအချက်အလတ်တွေကိုရှာဖွေခိုင်းပြီး သူကလည်း ဝမ်းသာအားရဖြင့်သတင်းအချက်အလက်တွေကိုစုံစမ်းရှာဖွေပေးတယ်။
သတင်းအချက်အလက်စုံစမ်းပေးခြင်းသည် တရားမဝင်သော်လည်း၊သူက အမျိုးမျိုးသောနည်းလမ်းများဖြင့် အလွယ်တကူ ရှာဖွေစုံစမ်းလေ့
ရှိသည်။

သူ မတ်တပ်ရပ်ပြီး အချိန်အတော်ကြာအောင် ရပ်စောင့်
နေပေမယ့် ဘာအလုပ်အပ်သူမှ မရှိသေးဘူး။ သက်ပြင်းချရင်း အနီးနားရှိ လှေကားထစ်တစ်ခုပေါ်သို့ တက်ကာ ဖုန်းကို ဆွဲထုတ်လိုက်သည်။ "ဟမ်၊ ဒီနေရောင်ခြည်စွမ်းအင်သုံး အားသွင်းကြိုး အလုပ်လုပ်လား ကြည့်ရအောင်။" သူဟာဖုန်းကို ပလပ်ထိုးပြီး စိတ်ရှည်ရှည်နဲ့ စောင့်​နေခဲ့တယ်။

စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ဖုန်းအားသွင်းသံလေးတစ်ခု ကြားလိုက်ရတယ်။ "အိုး၊ဒီအားသွင်းကြိုးကို ခေါက်ဆွဲနှစ်ထုပ်
နဲ့လဲလိုက်ရတာ အရမ်းတန်တယ်" သူက အဲဒါကိုဖွင့်ပြီး သူ့
ဖုန်းရဲ့ဓာတ်ပုံအယ်ဘမ်ကိုဖွင့်လိုက်​တယ်။ အဲဒီမှာ ကြီးကျယ်ခမ်းနားပြီးတန်ဖိုးကြီးတာတွေ
ဘာမှ မရှိပါဘူး။

သူနဲ့ သူ့မိဘတွေရဲ့ အတူရိုက်ထားတဲ့ဓါတ်ပုံလေးတွေ ပါဘဲ
ဒါပေမယ့် သူလိုချင်တာက ဒါတွေမဟုတ်ပါဘူး..

သူလိုချင်တဲ့ ဖိုင်တွဲ ကိုရှာတွေ့တဲ့အထိ သူသေချာလိုက်ရှာတယ်။ သူဝှက်ထားသောဖိုင်ငယ်ကို AOT ဟု အမည်ပေးထားသည်။ "နောက်ဆုံးတော့ ငါရဲ့ဇာတ်လမ်းလေးတွေကို ​ကြည့်လို့ရပြီ" ဟုဆိုရင်း ကျပန်းဇာတ်လမ်းတွဲတစ်ခုကို နှိပ်လိုက်သည်။ "အို ဘုရား၊ နောက်ဆုံးတော့ ငါ့ရဲ့ ချစ်လှစွာသော Eren ကို ငါကြည့်နိုင်ပြီ"
(T/N: သူကလည်း Attack on Titan ရဲ့အမာခံ Fan လေးနော်)

သူကဇာတ်လမ်းတွဲကို
ကြည့်နေရင်းနဲ့ ဇာတ်ကောင်တွေရဲ့ကာရိုက်တာအတိုင်းပြောတဲ့ စကားတစ်ခုချင်းစီကို ဖြည်းညှင်းစွာ လိုက်ပြောရင်း။ "Eren Jaeger!" လို့သူက ကျယ်လောင်စွာအော်လိုက်တယ်။

ကမ္ဘာပျက်ကပ်အတွင်းမှာရှင်သန်နေထိုင်ဖို့မိန်းကလေးလိုဝတ်ထားရတယ် Where stories live. Discover now