Unicode
အထက်တန်းရောက်ပြီး လူပျိုပေါက်လေးဖြစ်လာတဲ့ ကူးကူးဟာ အခုထိ Namjoon မျက်လုံးထဲမှာ ၃ နှစ်သားကလေးလေး သာသာ။
လူငယ် သဘာဝအရ ပြောင်းလဲလာတဲ့ ကလေးပေါက်စကို သဘောကျပေမယ့်လည်း အရင်လို ချွဲချွဲနွဲ့နွဲ့ ကူးကူးကိုလည်း ပြောင်းလဲမသွားစေချင်
အခုဆို ကူးကူးက ကိုယ်ပိုင် အခန်းတောင်းလာပြီ
အရင်ကဆို တစ်ကုတင်တည်းအိပ်နေရတာတောင် Koa ကို ဖက်ထားမှ အိပ်ပျော်တာဆိုသည့် ကလေးက အခုတော့ ကိုယ်ပိုင်အခန်း လုပ်ပေးပါတဲ့လေအရင်လို အားလပ်ရက်တွေ ဆို သူနဲ့အချိန်တူတူ မကုန်တော့ဘဲ အတန်းဖော် သူငယ်ချင်းတွေနဲ့အတူ ဟိုဟိုဒီဒီလျှောက်သွားတတ်လာပြီ။ တဖက်က ကူးပေါက်လေး လူမှုပတ်ဝန်းကျင်မှာ အပေါင်းအသင်း ဆန့်တာကို သဘောကျပေမယ့် အနားမှာ အရင်လို တွယ်ကပ်မနေပြန်တော့လည်း ကင်မ်နမ်ဂျွန်း ဝမ်းနည်းရပြန်သည်။
_------_----------_-----------_--------+
အခုလည်းကျောင်းဆင်းချိန် ဖြစ်တာမို့ ကျောင်းရှေ့မှာ ကားထိုးကာစောင့်နေလိုက်သည်။ကူးကူး အကြိုက် မုန့်တွေဆိုတာ မပါမဖြစ်ပေါ့။
ကျောင်းထဲကနေ တရိပ်ရိပ်နှင့် ကျောင်းသားလေးတွေ ထွက်လာကြပြီ။ အသစ်ဝယ်ပေးထားတဲ့ သစ်ရွက်စိမ်းရောင် hoodie လေးနဲ့ ကူးကူးဟာ ကျောင်းသားလေးတွေကြားမှာ ထင်းကနဲ။ အထက်တန်း မတက်ခင်ညှပ်ပေးထားတဲ့ အုန်းသီးကေ ဝိုင်းဝိုင်းလေးက အခုဆို နဖူးကိုပေါ်အောင် ဂျယ်ဖြင့် နောက်ကို လှန်တင်ထားသည့် ခပ်မိုက်မိုက် ဆံပင်ကေလေးဖြစ်နေပြီ။
အခုလို လူငယ်ချောချောလေးကို မြင်ရပြန်တော့လည်း ကောင်းကောင်းကြီးပြင်းလာတဲ့ ကူးကူးပေါက်အတွက် ရင်ထဲကနေ ဝမ်းသာပိီတိဖြစ်ရပြန်သည်။
ဘေးက သူငယ်ချင်းတွေနဲ့ စကားပြောနေလိုက်တာ လက်လှမ်းပြနေသည့် သူ့ကိုပင် အာရုံမလာသေးသလိုကိုကို ခံရခက်လိုက်တာ ကူးကူးရာ မင်းသူငယ်ချင်းတွေကို မနာလို လို့
သူ့ကိုမမြင်သေးတဲ့အဆုံး ကူးကူးတို့ရှိရာ အုပ်စုဆီကို နမ်ဂျွန်း လူကောင်လုံးထွက်ပြရသေးသည်။
အခုမှ လူကိုမြင်ဖူးသလို မျက်ဝန်းဝိုင်းဝိုင်းတွေနဲ့ စိုက်ကြည့်နေသည့် ကူးဟာ ဘယ်လောက်ပင် အရွယ်ရောက်ပြီး ပဲများထားပါစေ သုံးနှစ်သားမှ သုံးနှစ်သားလေး
YOU ARE READING
♡︎𝙆𝙪𝙪 𝙋𝙞𝙨𝙞♡︎