Part(6)Uni+Zaw

4.8K 148 0
                                    

Part(6)

စိုင်းစဝ် ဝီလျှံရှိန်းနှင့် စာကြည့်တိုက်တွင် နှစ်ဦးသား စကားပြောကြသည့်နေ့ နောက်ရက်မှ စ၍ ယခု တစ်ပတ်အထိကြာသည်အထိ ဝီလျှံရှိန်းအား မတွေ့မိပါ။

'ပြောတော့ လူကို တကယ် ချစ်တာထက် မြတ်နိုးတယ်ဆိုပြီး အခုတော့ တွေ့ကို မတွေ့တော့ဘူး

စိုင်းစဝ် သတိထားစမ်း မင်းက သူ့ကို မျှော်နေတာလား မဖြစ်သင့်ဘူးနော် စိုင်းစဝ်'

"ဟေ့ကောင် စိုင်းစဝ် တစ်ယောက်ထဲ ဘာတွေ ခေါင်းခါနေတာလဲ "

"ဟင် ... ဘာမှ မဟုတ်ပါဘူး"

"ဒါနဲ့ မင်း မင်းကောင်လေး တစ်ယောက် တစ်ပတ်လုံးကျောင်းမလာတာကို ဘယ်လိုမှ မနေဘူးလား စိတ်မပူဘူးလား"

"ငါက ဘာကို စိတ်ပူရမှာလဲ မပူဘူး ဘယ်နေရာမှာ သွားပြီး အပန်းဖြေနေလဲမှ မသိတာ"

"မင်းကလဲ သိချင် ဖုန်းဆက်ကြည့်လေ မင်းမှာ သူ့ဖုန်းနံပါတ်ရှိနေတယ်မလား"

"မရှိဘူး ငါမမှတ်ထားဘူး"

"ကောင်းရော မင်းထက်စာရင် ဟိုဆောင်းဟေမာန်တောင် ပိုစိတ်ပူနေအုံးမယ် သူ့ကို"

"သူဟာ သူစိတ်ပူတာကို ငါက ဘာလုပ်ရမှာလဲ မြန်မြန်စားတော့ အခန်းထဲသွားမယ်"

"အေးပါ"

"ရှိန်းကို စိတ်မပူပါနဲ့ ရှိန်းက အလုပ်လေးရှိနေလို့ပါ"

စိုင်းစဝ်ထိုင်နေသည့်အနားသို့ နှင်းပိုကုဋေ ရောက်လာကာ ပြောသည်။

"မပူပါဘူး"

"ဟုတ်ပါပြီ ကျောင်းတက်ရတာ အဆင်ပြေတယ်မလား"

"ပြေပါတယ် ဘာလို့လဲ ဘာမှ မဟုတ်ပါဘူး မေးကြည့်တာပါ နောက်တော့ဆုံကြတာပေါ့"

နှင်းပိုးကုနေ စိုင်းစဝ်အား စကားအနည်းငယ် ပြောကာ ထသွားသည်။ စိုင်းစဝ်တို့လည်း အခန်းထဲသို့ဘပြန်လာခဲ့သည်။

ညနေကျောင်းဆင်းချိန်ရောက်သည့် အခါတွင် စိုင်းစဝ် အလုပ်လုပ်သည့် နေရာသို့သွားလိုက်သည်။
စိုင်းစဝ်သည် mini shop တစ်ခုတွင် အချိန်ပိုင်းမျှ အလုပ်ဝင်နေသူဖြစ်သည်။ ထို mini shop သည် သန့်သူရ၏ ဦးလေးပိုင်သည့် shop ဖြစ်သည်။ စိုင်းစဝ်ကို သန့်သူရ၏ ဦးလေးက ကျောင်းစရိတ်ထောက်ပံ့ခြင်းသည်ကို စိုင်းစဝ်က လက်မခံ၍ ဒီတိုင်းလက်ခံရမှာ အားနာလျှင် သူ၏ mini shopတွင် လုပ်ပေးလို့ရပါသည် ဆို၍ တင်လုပ်ခဲ့ခြင်းဖြစ်သည်။

Find Love Because Of you (Complete)Where stories live. Discover now