Part(22)Uni+Zaw

2.9K 92 0
                                    

Part(22)

စိုင်းစဝ် ညက အတွေးအရမ်းများ၍ အိပ်မပျော်ခဲ့ပေ။ ထို့အပြင် တိုက်၏ အခန်းတစ်ချို့တွင် ဆေးရောင်းသည်ဟုဆိုကာ ရဲများဝင်ဖမ်းကြသေးသည်။ အတွေးလွန်၍ အိပ်မပျော်သည့်အပြင် ဆူညံသံများကြားလိုက်ရသေးသည်မို့ စိုင်းစဝ်ခေါင်း‌အတော်မကြည်မလင်ဖြစ်နေသည်။

သို့သာ်စာမေးပွဲနီးနေ၍သာ ကျောင်းသို့လာခဲ့ခြင်းဖြစ်သည်။ ကျောင်းက တစ်နှစ်ဘဲ ကျန်တော့သည်မလား၊ ဒီတစ်နှစ်မှာပင် ပထမစာသင်နှစ်က ပြီး‌လာတော့မည်၊ စိုင်းစဝ် ကျောင်းမပျက်ချင်တော့ပါ။

ဝီလျှံရှိန်းက ဒီနေ့သူအိမ်မှ လာမည်ဖြစ်၍ စိုင်းစဝ်နဲ့သူရ Busနှင့်သာလာလိုက်သည်။

"စိုင်းစဝ် နေမကောင်းတာကို  အိမ်မှာ မနေဘူး ကျောင်းက စာလဲသင်တာမဟုတ်ဘူး"

"ရတယ် ငါအတန်းထဲခနဘဲနေမှာ စာကြည့်တိုက်မှာ သွားအိပ်မလားလို့ "

"ပြောမရလဲနေတော့ ဒါနဲ့ စာမေးပွဲပြီးရင် မင်းတို့မွေးရပ်မြေပြန်ကြမှာဆို"

"ဟုတ်တယ် မပြန်တာလဲကြာပြီလေ ပြီးတော့ ပြည့်လျှံလဲ အဖော်ရှိနေတဲ့အတွက်ပြန်ရမလားလို့"

"ငါလဲလိုက်မယ် မင်းတို့ မွေးရပ်မြေကို ငါ့ကိုခေါ်"

"ဘာလိုက်လုပ်မှာဘဲ"

"အလည်ပေါ့ မင်းကလဲ ခေါ်နော်မခေါ်ရင် တွေ့မယ်"

"ကိုယ့်စိတ်နဲ့လိုက်တာဘဲ လိုက်ခဲ့ပေါ့"

စိုင်းစဝ်တို့စကားပြောရင်းကျောင်းသို့ ရောက်လာခဲ့သည်။

"ဝီလျှံရှိန်းက အခုဆံပင်နဲ့လိုက်တယ်နော် "

"အေးဟယ် လိုင်းတွန့်လေးကောက်ထားပြီး အညိုလေးဆိုးထားတော့ ငါဖြင့်အကြည့်ကိုမလွဲနိုင်ဘူး သိလား"

စိုင်းစဝ် အသံတွေကြားနေရသည်မို့ ဝီလျှံရှိန်း ရောက်နေသည်မှာ သေချာနေပြီ ဖြစ်သည်။ သူဘာတွေ လုပ်ထားလဲတော့မသိပေမယ့် ကျောင်းသူများ ပါးစပ်ဖျားတွင် သူ့နာမည်သာ ပြောနေကြသည်။ တစ်မျိုးလေးနဲ့ကြည့်ကောင်းသည့်ဆိုသည့် စကားကတော့ မပါမဖြစ် ဖြစ်သည်။

Find Love Because Of you (Complete)Where stories live. Discover now