Part(8)Uni+Zaw

4.2K 132 0
                                    

Part(8)

စိုင်းစဝ် အတန်းဆင်းတော့ အိမ်ပြန်ရန် ကားဂိတ်ဘက်သို့ ထွက်လာခဲ့သည်။ ကျောင်းရှေ့တွင် ကားကို မှီကာ ရပ်နေသည့် ဝီလျှံရှိန်းအား တွေ့လိုက်ရသည်။

ကျွန်တော့်ကို မြင်သည်နှင့် အနားသို့ ရောက်လာကာ ခေါ်သည်။

"ကိုယ့်ကားနဲ့သွားရအောင်"

"တော်ပြီ သူရနဲ့ ပြန်လာမှာ မင်းသွားနှင့်လိုက်"

စိုင်းစဝ်၏ စကားသံအဆုံး ဝီလျှံရှိန်းက သူရအား မေ့ာကြည့်လေသည်။

"ရတယ်စိုင်းစဝ် သူနဲ့ဘဲလိုက်သွားလိုက်တော့ ငါ ဆိုင်မှာ စောင့်နေမယ်"

သူရ စိုင်းစဝ်အား ပြောပြီးသည်နှင့် ကားဂိတ်သို့ အမြန်ပြေးသွားလိုက်သည်။ မဟုတ်လျှင် ဝီလျှံရှိန်း၏ လက်ချက်ဖြင့် သူသေပါလိမ့်မည်။ စိုင်းစဝ်ကို ကြည့်သည့် အကြည့်နှင့် ကိုယ့်ကို ကြည့်သည့် အကြည့်က လုံးဝကို ကွဲပြားနေသည်။

"မင်းသူငယ်ချင်းလဲ သွားပြီဆိုတော့ ကိုယ်တို့သွားကြမလား"

စိုင်းစဝ် ဝီလျှံရှိန်းအား မကျေနပ်သည့် အကြည့်ဖြင့် ကြည့်ကာ သူ၏ ကားနှင့်လိုက်ခဲ့လိုက်သည်။

စိုင်းစဝ်၏ တိုက်ခန်းသည် သုံးလွှာတွင် ရှိသည်။သာမန် တိုက်ခန်းသာဖြစ်၍ ရိုးရိုးလှေကားနှင့်သာ တက်ရသည်။

"နေ့တိုင်း လှေကားအများကြီးကို တက်နေရအုံးမှာပေါ့"

ဝီလျှံရှိန်း အနောက်ကနေပြောလာသည်။

"တက်ရတော့လဲ ကျန်းမာရေးကောင်းတာပေါ့"

ကျွန်တော့်ဘက်က သူ့ကို အဖြေမပေးသဖြင့် သူစကားကို ကိုယ်တိုင်ပြန်ဖြေသိမ့်ဟန် တူပါသည်။

နောက်ဆုံးအကျဆုံးသည် ကျွန်တော်၏ အခန်းဖြစ်သည်။ အခန်းတံခကို ဖွင့်ကာ ဝင်ခဲ့လိုက်သည်။

"ဒီမှာ ခဏစောင့် ငါ ပစ္စည်းတွေ သိမ်းလိုက်အုံးမယ်"
လွယ်အိတ်ကို အခန်းထဲ ခဏထားကာ စိုင်းစဝ် ပစ္စည်းအချို့ကို သိမ်းလိုက်သည်။

ဝီလျှံရှိန်းက ကျွန်တော့်၏ အခန်းများကို အသေးစိတ် လိုက်‌ကြည့်နေသည်။

Find Love Because Of you (Complete)Where stories live. Discover now