Part(20)Uni+Zaw

3.4K 99 0
                                    

Part(20)


ညနေကျောင်းဆင်းချိန်တွင် ဝီလျှံရှိန်း အချစ်အား အိမ်သို့ပြန်လိုက်ပို့ပေးခဲ့သည်။ ပြီးသည်နှင့် အိမ်သို့ပြန်လာခဲ့သည်။

"သားပြန်လာပြီလား မာမီကသားကို သတိရနေတာ"

"ဟုတ်မာမီ "

"သားရဲ့ အခန်းကို မာမီ ကောင်မလေးတွေကို သန့်ရှင်းရေး ဝင်လုပ်ခိုင်းမယ်နော် သားက သားအခန်းကို သားမရှိတဲ့အချိန်ဝင်တာ မကြိုက်လို့ မာမီတို့ မလုပ်ပေးခဲ့ရဘူး"

"ဟုတ်ရတယ်မာမီ ခနနေ ဝင်လုပ်ခိုင်းလိုက် ကျွန်တော်အခုတော့ သွားနားလိုက်တော့မယ်"

"ဟုတ်ပါပြီ အေးဆေးနားလိုက်နော်"

"ဟုတ် မာမီ"

ဝီလျှံရှိန်း အခန်းထဲသို့ တက်လာခဲ့သည်။ ပေါ့ပေါ့ပါးပါးဖြစ်ရန် အဝတ်အစားလဲလိုက်သည်။ စာကြည့်စားပွဲတွင်ထိုင်ကာ Note book ရေးရန်ပြင်လိုက်သည်။ စာအုပ်အဖုံးလေးအား အချစ်နှင့်လိုက်ဖတ်စေရန် အပြာရောင် စာအုပ်လေးနှင့် ရေးလိုက်သည်။

'ဒေါက်...ဒေါက်...ဒေါက်'

"သားမာမီ သန့်ရှင်းရေးလုပ်မလို့"

"ဟုတ်မာမီ  ဝင်ခဲ့ပါ"

မာမီနှင့်အတူ ကောင်မလေးတစ်ချို့ ဝင်လာကြသည်။ မာမီက ဝီလျှံရှိန်း ဆီသို့ ကြည့်လာသည်။

"မာမီ့သားက ထူးထူးခြားခြား စာတွေလုပ်နေလို့ပါလား"

"မာမီရယ် တစ်ခြားသူကြားရင် ကျွန်တော်က စာမလုပ်ဘူး ထင်နေပါအုံးမယ်"

"မဟုတ်လား "

"မာမီ ကျွန်တော်စာ‌ရေးတာ အဆင်ပြေလားကြည့်ပေးပါလား"

"ငါ့သားက ရည်းစားစာရေးနေတာလား "

"မဟုတ်ပါဘူး မာမီရာ "

"သားရဲ့ လက်ရေးလေးတွေက ဝိုင်းပြီး ဒီလောက်လှတာ ကြည့်ရတာ ရှင်းနေတာဘဲလေ"

"ဟုတ်ကဲ့ မာမီက ကိုယ့်သားကို သိပ်မြောက်တာဘဲ"

"မာမီမှာ သားနဲ့ သမီး နှစ်ယောက်ဘဲရှိတာလေ အခုဆို မာမီမကောင်းခဲ့လို့ သားတစ်ယောက်ဘဲ အနားမှာရှိတော့တယ် သားဖြစ်ချင်တာကို မာမီကို ပြောနော် မာမီ အကုန်ဖြည့်ဆည်းပေးမယ်၊ အခုနေများ သမီးလေးပြန်လာရင် မာမီသိပ်ဝမ်းသားမိမှာဘဲ "

Find Love Because Of you (Complete)Where stories live. Discover now