Chapter 44

2.6K 271 0
                                    

Unicode

"Ask the Immortal" ဇာတ်ကားရဲ့  ကျော်ကြားမှုနဲ့အတူ ဇာတ်ဝင်သီချင်း(theme song)၊ ဇာတ်သိမ်းသီချင်းနဲ့ ဇာတ်ဝင်ခန်း တွေကလည်း ရေပန်းစားလာခဲ့တယ်။ ဒါပေမယ့် အကျော်ကြားဆုံးကတော့ "Ask the Immortal"ရဲ့ duetသီချင်းပါ။

"Ask the Immortals" ထွက်ရှိပြီး မကြာခင်မှာပဲ နာမည်ကြီး ကာဗာအဆိုတော်အချို့ အပါအဝင် ကာဗာအဆိုတော် အများအပြားက ပြန်လည်သီဆိုခဲ့ကြတယ်။ "Ask the Immortal" က ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေတဲ့ ရှေးခေတ်သီချင်းဖြစ်လာဖို့ အချိန်သိပ်မယူလိုက်ရဘူး။

ပရိတ်သတ်ထံမှ တောင်းဆိုမှုကို တင်ဆက်သူက ကြားသွားပြီးနောက် သူ့မျက်၀န်းတွေ တောက်ပသွားတော့တယ်။

သူက မိုက်ခရိုဖုန်းကို လက်တစ်ဖက်မှာကိုင်ထားပြီး အခြားတစ်ဖက်နဲ့ ကုမျန်နဲ့ လော့ချယ်တို့ကို ဖိတ်ခေါ်တဲ့အမူအရာဖြင့် "ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ခေါင်းဆောင်သရုပ်ဆောင်နှစ်ယောက်က လူမြင်ကွင်းမှာ မသီဆိုရသေးဘူးပဲ သူတို့ရဲ့ ပထမဆုံး public duetက ဒီနေရာ ကျွန်တော်တို့ရဲ့ road showမှာ ဖြစ်လိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်မိခဲ့ဘူး လာပါ လာပါ ကျေးဇူးပြုပြီး လာကြပါဗျာ"

ကုမျန်နဲ့လော့ချယ်တို့ကို မိုက်ခရိုဖုန်းတစ်လုံး ပေးလာတယ်။

"ဒီနေ့ပွဲက အချိန်အကန့်အသတ်ရှိတယ် သီချင်းက အရှည်ကြီးဆိုတော့ climaxအပိုင်းကိုပဲ နားထောင်ကြရအောင် ကျွန်တော်တို့တော့ ကောင်းချီးပေးခံရတာပဲ ဟားဟား"တင်ဆက်သူရဲ့ နောက်ပြောင်စကားဆိုသံက ပရိသတ်ကို ရယ်မောသွားစေခဲ့တယ်။

ကုမျန် တိုက်ရိုက်သီဆိုတာ ဒါပထမဆုံးအကြိမ်ပါ။

တိုက်ရိုက်သီဆိုခြင်းက အဆိုတော်တစ်ဦးရဲ့ ခွန်အားကို စမ်းသပ်တာပါပဲ။

ပရိသတ်တွေကလည်း စိတ်အားထက်သန်မှုတွေ၊စိတ်လှုပ်ရှားမှုတွေနဲ့ အားပေးလိုက်ကြတယ်။ကုမျန်က မရင်းနှီးတဲ့မျက်နှာများစွာကို ရင်ဆိုင်နေရပေမယ့်လည်း သူမရဲ့ နှလုံးသားထဲမှာတော့ ကြောက်ရွံ့မှုမရှိနေပေ။ တိုက်ရိုက်သီဆိုခြင်းရဲ့ အကျိုးသက်ရောက်မှုကို သူမမသိပေမယ့်လည်း သူမရဲ့ရှေ့မှာ ပရော်ဖက်ရှင်နယ်ပစ္စည်းတစ်ခုသာရှိနေတဲ့ အသံသွင်းစတူဒီယိုထဲမှာ ရှိနေရသလိုမျိုး သူမသီဆိုနိုင်ပါတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ် BOOK ¹Onde histórias criam vida. Descubra agora