🍂🍂 အစ်မနော်..ဟိုဘက်ရွာက သူကြီးသားမြတင့်ကို ရွေးရဲရွေးကြည့် အစ်မလည်ပင်းကို ကျွန်မလာညှစ်ပစ်မှာ...
ဘုရား...ဘုရား... ဒါနွယ့်ကို အဖြေတောင်းထားတဲ့ မြို့အုပ်မင်းရဲ့သမီး နှင်းတဲ့လေ။
"ကျွန်မပြောနေတာကြားလားလို့"
တို့ဘာတို့ စဉ်းစားပါ့ရစေ။မင်းတို့ကို အမိန့်လာပေးစရာမလိုဘူး။
အို...မင်းလက်ကြီးက!
"ကျွန်မဘာလုပ်မိလို့လဲ အစ်မနွယ်ရဲ့"
တော်တော်မျက်နှာပြောင်တိုက်တဲ့ ကောင်မလေးပါ၊ဘာလုပ်မိလို့လဲဆို့တဲ့စကားမေးတဲ့သူရဲ့လက်ချောင်းတွေက နွယ်ရဲ့ခါးသေးသေးလေးပေါ်မှာ နေရာအပြည့်ယူထားသည်။
"တို့အော်လိုက်မှာနော်"
အော်လေ၊တစ်ခါတည်း ကြေညာပီးသားဖြစ်သွားတာပေါ့။
နွယ်တို့အိမ်ရဲ့ ခြံစည်းရိုးနားက ဒညှင်းပင်အောက်က စံပယ်ချုံနားမှာ နှင်းက နောက်ဖေးပေါက်မှတိုးဝင်လာပီး နွယ်ကိုဒီစံပယ်ချုံနားကို ဇွတ်အတင်းဆွဲခေါ်လာတယ်။
နွယ်အဖြစ်က ကိုယ့်အိမ်မှာတောင် နှင်းရဲ့အနိုင်ကျင့်မှုကို ခံနေရသည်။
အဘတို့တွေ့အုံးမယ်။မင်း မပြန်နိုင်တော့ဘူးလား။
ကျွန်မဘာကျွန်မ ပြန်ချင်ပြန်မယ်။မပြန်ချင်မပြန်ဘူး အစ်မနဲ့ဘာဆိုင်လဲ။
"လွှတ်..တို့အိမ်ပေါ်ပြန်တတ်တော့မယ်"
အစ်မရုန်းမနေနဲ့လေ...အစ်မထပ်ရုန်းရင် ကျွန်မနဲ့အစ်မ ဒီနေရာမှာ မင်္ဂလာဉီးသွားမယ်နော်။
မင်း..မင်းဘာဖြစ်နေတာလဲ!
"ချစ်ချင်နေတာလေ.. မသိဘူးလား"
နှစ်ယောက်သား ရုန်းသူကရုန်း၊ ဆွဲသူက ဆွဲနဲ့စံပယ်ချုံဟာ လှုပ်ယှမ်းနေတော့သည်။
"နွယ် ငြိမ်ငြိမ်နေလေ ကျွန်မ မကြမ်းချင်ဘူး"
အို..မင်းဘယ်လိုလုပ်နေတာလဲ စံပယ်ချုံထဲ တို့ကိုယ်ကြီးဝင်တော့မယ်။
နွယ်မှ ငြိမ်ငြိမ်မနေတာ!
လမင်းကြီးက ထိန်ထိန်သာလို့ နေသည်။စံပယ်ချုံဘေးက မိန်းကလေးနှစ်ဉီးကလည်း ယိမ်းထိုးလို့နေသည်။