part 2 (u)

2K 129 10
                                    

🍂🍂🍂 နှင်းဧကရီမောင် ခြံရှေ့ရောက်လာတော့ ခြံစောင့်ဉီးကုလားက တံခါးကြိုဖွင့်ထားပေးသည်။

ဒယ်ဒီ အိမ်ပြန်ရောက်ပြီလား!

ဟုတ်ကဲ့ မမလေး၊ မြို့အုပ်မင်းက အစောကြီးတည်းက ပြန်ရောက်နေတာ။

ခြံစောင့်ဉီးကုလားကိုကျော်ပြီး အုတ်နီခဲတွေဖြင့်တည်ဆောက်ထားသောနီညိုရောင်ဆေးရောင်ခြယ်ထားတဲ့ ကြီးမားလွန်းသည့် နှစ်ထပ်အိမ်ထဲသို့ ဝင်လာခဲ့သည်။

အိမ်ရှေ့တံခါးဝတွင် ဤအိမ်၏သက်တော်စောင့်လည်းဖြစ်တဲ့ ကြီးကြီးယဉ်နှင့်အတူအကူမိန်းမပျိုအချို့က မက်တပ်ရပ်ကာ စောင့်နေကြသည်။တစ်အိမ်လုံးတွင်လည်း မီးရောင်တွေ လင်းထိန်နေသည်။

" ဘာလို့စောင့်နေကြတာလဲ၊အချိန်တန်ရင် နှင်းပြန်လာတယ်လေ"

ခုခေတ်က အန္တရာယ်များတယ် သမီးနှင်းရယ် လူဆိုး၊သူခိုး၊ဓားမြ တွေများသလို မြို့အုပ်မင်းကို လုပ်ကြံချင်တဲ့အဖွဲ့တွေလည်း သီးသန့်ရှိသေးတယ်မှတ်လား၊ခုလို ညကြီးမိုးချုပ် မိန်းကလေးတစ်ယောက်တည်း အပြင်ကပြန်လာတာ ကြီးယဉ်စိတ်မပူလို့ ဘယ်လိုဖြစ်ရမှာတုန်း။

နှင်းပြောရင်လည်း နောက်ဆုံးဒီဘူတာပဲဆိုက်တာပဲ။နှင်းအိပ်ချေပြီ သွားအိပ်တော့မယ်။

အိမ်ပေါ်တက်သွားသည့် နှင်းဧကရီမောင်ကို ကြည့်ပြီး ဒေါ်ဒေါ်ယဉ်မှာ သက်ပြင်းချနေတော့သည်။

အနောက်တိုင်းသွေးရောသည့် မြို့အုပ်မင်းမှာ အကြီးဆုံးသားက အနေထိုင်အေးသလောက် သမီးကတော့မဟုတ်ပေ။ နေရာတိုင်းအကုန်ပါချင်သည်။ အန္တရာယ်များသည့်အရပ်လည်း မြို့အုပ်မင်းသမီးဆိုတဲ့ဂုဏ်ပုဒ်နဲ့အကုန်အနိုင်လိုချင်သည်။

ခြောက်လက်မ ထုထည်ရှိတဲ့ ခရမ်းရောင်မွေ့ယာခင်းပေါ်သို့ နှင်းဧကရီမှောက်ရပ်ပစ်လှဲလိုက်သည်။ နွယ်တို့အိမ်ကနေ ခြေချင်လျှောက်လာရတာ နှင်းအတွက်မလွယ်ကူချေ။ခြေနှစ်ချောင်းက ညောင်းကိုက်နေသည်။

နွယ်..နွယ် ကျွန်မနဲ့ညားပြီးမှ ကျွန်မအကြောင်း ကောင်းကောင်းသိမယ်။

ခရမ်းရောင်လျှောက်လမ်းWhere stories live. Discover now