you.

712 32 4
                                    

you: ethan.

~

မြစ်ပြင်အား ဖြတ်တိုက်လာသည့်လေပြေအေးတွေက အချစ်ပူမိနေသည့်သူ့အတွက် ရင်ကိုမအေးစေဘဲ မီးပုံထဲ လောင်စာထည့်ပေးနေသည့်အလား ရင်တွင်းမှာ အပူမီးတွေ တောက်လောင်မြိုက်စေတယ်။

"အီသန် .. စိတ်ကစားနေတာဆိုလည်း အဲ့ဒီဇယားတွေ အကုန်ဖြတ်ပြီး ငါ့ဆီ ပြန်လာခဲ့စမ်းပါလို့"

မြစ်ကမ်းဘောင်ပေါ်မှာ မနက်လေးနာရီကြီး ထလို့ စိတ်ထဲရှိသမျှ လာအော်ဟစ်ပစ်နေသည့်သူက အရူးလား။ နေရောင်နည်းနည်းမှ မမြင်ရသေးတဲ့ ဆောင်းတွင်းမနက်ခင်းမှာ သူ့ခြေဖျားလက်ဖျားတွေ အေးခဲမတတ်ဖြစ်နေတာတောင် ရူးကြောင်ကြောင်နဲ့ မြစ်ရေတွေထဲ ဆင်းပစ်လိုက်ချင်စိတ်တွေ တနင့်တပိုးပဲ။

အသက်ပြင်းပြင်း ရှူရင်း
လေနှင့်အတူပါလာသည့် အအေးဓာတ်တွေကို အဆုတ်ထဲ သယ်ယူရင်း။
အေးချမ်းသွားဖို့ ကြိုးစားမိခြင်းပါ။

အီသန်လီကြောင့် ရူးတော့မှာ။ သူငယ်ချင်းတွေ တားနေရဲ့ကြားက အချစ်နွံ့ထဲကို မျက်တောင်တစ်ချက်မခတ်ဘဲ ခုန်ဆင်းပစ်ခဲ့တာလည်း သူကိုယ်တိုင်ပဲကို
အခုမှ သူငယ်ချင်းတွေရှေ့ သွားငိုပြရအောင်လည်း ဘယ်မျက်နှာနဲ့လဲ?
သူငယ်ချင်းတွေကိုတောင် လှည့်မကြည်ခဲ့ဘဲ အီသန့်ဆီမှာပဲ အားလုံး ပုံအောပစ်ထားခဲ့ပြီးမှ မျက်နှာပြောင် ထပ်တိုက်ပြီး မှားကြောင်း ငိုယို တိုင်တမ်းသင့်သလား။

အချစ်တိုင်းက နာကျင်ရတာလား။ အီသန့်ကြောင့်ပဲ သူ နာကျင်ရတာလား မသိတော့ဘူး။ ဒဏ်ရာတွေကို ကုစားပေးပြီးမှ ရှရာတွေ ထပ်ပေးခံနေရတာ ဘယ်သံသရာက အမှားလဲ။

အီသန် ငါ့ဆီ လမ်းမှာပြီးပဲဖြစ်ဖြစ် ပြန်လှည့်လာမယ့် အချိန်က ဘယ်နေ့လဲ။

အချစ်..
ပွေ့ပိုက်ထားတုန်းမှာလည်း
လွတ်ကျသွားမှာ ပူပန်ရ
လွှတ်ချလိုက်ပြန်တော့ငြား
ဝေဒနာတွေ သယ်ပိုးပြန်ရ။

--

အီသန်လီ သူ့ဆီ မလာတာ ငါးရက်ရှိပြီ။

စာတမ်းတွေအားလုံးလက်စသတ်ပြီးသွားတဲ့အထိ ရောက်မလာသေးသူကို ဆောင်းဟွန်း ရူးပြီး မျှော်နေမိတုန်း။

Never be mine: AgainWhere stories live. Discover now