ဒီလို ခြောက်ကပ်နေတဲ့ အခန်းထဲမှာ သူ့ရဲ့ ဆောင်းဟွန်း ရက်ပေါင်းများစွာ ဘယ်လိုများ ပေကုတ် နေခဲ့ရသလဲလို့ အဆက်မပြတ် အီသန် တွေးနေရတယ်။ လူတွေဟာ ကိုယ့်ဝမ်းနာမှ ကိုယ်သိတယ်။ သူ တကယ် မှားတယ်။အခန်းငယ်ထဲကို ပြန်ခြေချခြင်း ဒုတိယမြောက်နေ့မှာပဲ အီသန့် ဦးခေါင်းတွေ ရင်ဘတ်တွေ တဆစ်ဆစ်နဲ့။ ဆောင်းဟွန်းလို့ နှုတ်ဖျားက အကြိမ်ကြိမ် ယောင်မှား ထွက်ဆိုမိတိုင်း သူ့မှာ ရှက်ရွံ့မှုနဲ့ လွမ်းဆွေးမှုကို တစ်ပြိုင်တည်း သယ်ပိုးရပါတယ်။
ဒီ အခန်းတံခါးကို ပြန်ဖွင့်ခဲ့တဲ့အချိန်မှာ သူ့ကိုချစ်တဲ့ လူတစ်ယောက်မရှိတော့မှန်း သိလိုက်ရတာ။ ဝရံတာမှာ ထားတဲ့ အိုးခင်းထဲက ပန်းလေးဟာ ညှိုးခွေနေတယ်။ ဂရုစိုက်မယ့်လူ ရှိခဲ့စဉ်က ဒီ ပန်းလေး အမြဲ လန်းဆန်းနေခဲ့တာ သူ့ အသိ။ ဉယျာဉ်မှုးက စွန့်ပစ်ထားခဲ့တဲ့ ရေလောင်းပေါင်းသင်မှု မခံရတဲ့ မြေဆီလွှာတွေရဲ့ဘဝကလည်း ခြောက်သွေ့ကွဲအက်လို့ပဲ။
ဝရံတာမှာ ထွက်ထိုင်နေတတ်တဲ့ သူ့ကို အအေးပက်မှာစိုးလို့ အနွေးထည် ယူလာပေးတတ်တဲ့ လက်ကလေးတစ်ဖက်ကို သူ တွဲထားခဲ့ဖူးပါတယ်။ အခုဖြင့် လေစိမ်းတွေတိုက်နေလည်း ကိုယ့်အပြစ်နဲ့ ကိုယ်ပဲ။
"ကိုကို မင်းကို သတိရတယ်"
ကိုကို လို့ တစ်ခါတရံသာ ခေါ်တတ်တဲ့ အသံစူးစူးလေးကိုတောင် သူ မကြားနိုင်တော့တာပဲ။
"ဟား .."
"ဆောင်းဟွန်း .. ကလေး .. ကိုကို တကယ် မှားတာ"
နာကျင်သံစွန်းတဲ့ အီသန့်ရဲ့ရယ်သံမှာ မျှော်လင့်ချက်တွေမရှိ၊ ဦးတည်ချက်မရှိ ကြိုးပြတ်သွားတဲ့ စွန်ငယ်လေးလို တဝဲလွင့်လွင့်။ ပြန်မဆုံနိုင်မှာ ကြောက်နေပြီမို့ သူ့မှာ ရူးမတတ်ပါပဲ။
အမှားအကြီးကြီးကျူးလွန်ခဲ့တာက သူကိုယ်တိုင်။ ငိုနေတဲ့ ဒီကလေး မျက်လုံးတွေ။ တောင်းပန်တဲ့အကြည့်တွေကို သူ လုံးဝ လှည့်မကြည့်ပေးခဲ့တာ။ ဒီ့ထပ် မှားတဲ့ အမှားလည်း မရှိလောက်တော့ပါဘူး။
လက်လွှတ်နိုင်ပြီထင်ခဲ့ပေမယ့် အလိုအပ်ဆုံးက ဒီကလေးပဲဖြစ်နေခဲ့တာ။ ခြေလှမ်းမှားခဲ့မှန်း သိတာမို့ သူ့အတွက် အမြဲ ပင်ပန်းနေရမယ့် ကလေးကို ဝေးဝေးထွက်သွားစေချင်တဲ့စိတ်ရင်းကလွဲ အားလုံး မှားခဲ့တယ်။ မှားတယ်။ အကြိမ်တစ်ထောင် ပြန်စဉ်းစားလည်း သူ မှားဆဲပဲ။
VOCÊ ESTÁ LENDO
Never be mine: Again
FanficHeeHoon// releasing a hand that you wanna ever hold. song - Falling ~ Cardigan mashup