but now i'm bleeding.

341 28 5
                                    

"အီသန် ဒီကို လာတာ နှစ်ခါရှိပြီလေ ကောင်မလေးတစ်ယောက်နဲ့.."

"နောက်ဆုံးတစ်ခေါက်က ကြာတောင် မကြာသေးဘူးရယ်"

မအီမလည်မျက်နှာနှင့် ကော်ဖီဆိုင်ပိုင်ရှင်ရဲ့ စကားတွေက ဆောင်းဟွန်း နားထဲက မထွက်ဘူး။ သူတို့ ခြေရာတွေ ထပ်နေခဲ့တဲ့ အမှတ်တရများစွာရှိခဲ့တဲ့ ဟွန်းဒယ်ဘက်ကမ်းခြေတစ်ခုရဲ့ ကော်ဖီဆိုင်ကို အီသန်က ကောင်မလေး တစ်ယောက်နဲ့လာတာ နှစ်ကြိမ်တိတိရှိပါပြီတဲ့လေ။

သတိရလို့ တစ်ယောက်တည်း ဦးတည်ခဲ့တဲ့လမ်း .. အပြန်မှာတော့ နာကျင်မှုတွေက အဖော်အဖြစ် လိုက်ပါလာခဲ့တာ။

ငါတို့လို့ သတ်မှတ်ထားတဲ့ နေရာမှာ ကြားလူပေါ်လာပါမှတော့ ဒီစကားလုံးနှစ်ခုကို ဘယ်လို ပေါင်းစပ်ရတော့မလဲ။

မွေးနေ့မှာလည်း ပေါ်မလာဘူး။
ခရစ်စမတ်ညမှာလည်း အတူရှိမနေကြတော့ဘူး။
ပြန်စလို့ ရမလား လမ်းစ ရှာနေမိပေမယ့် လမ်းလွဲနေကြတာသေချာပြီမို့ ငါတို့ အဆုံးသတ်ရတော့မယ် ထင်တယ်။

အိမ် .. မဟုတ် အခန်း
နွေးထွေးမှုတွေ နှစ်သိမ့်မှုတွေ လွတ်ကင်းနေတဲ့ ဗလာဟင်းလင်း အခန်း။

တံခါးကို တွန်းဖွင့်ဝင်လိုက်လျှင်ပဲ ထုံးစံအတိုင်း အေးစက်မှုတွေကသာ ခြောက်ခြားစရာကောင်းအောင် ကြိုဆိုနေခဲ့တာ။

ဝရန်တာဘက်မှာ ရေခဲတမျှအေးခဲနေပြီး နှင်းမှုန်တွေ တဖွဲဖွဲ လွင့်စင်လာတယ်။ သူ ထိုင်ချလိုက်တယ်။ ကြမ်းပြင်က အေးစက်နေပြန်တာပဲ။ ဝရန်တာ လက်တန်းတွေကို ကိုင်ထားတဲ့ သူ့လက်နှစ်ဖက်က တုန်လှုပ်လို့။
ကိုင်ထားတဲ့လက်တွေပေါ် နဖူးအပ်လိုက်တဲ့အခါ လက်တန်းကြားက လေအေးတွေ တဖျန်းဖျန်း မျက်နှာဆီ တိုးဝင်လာတယ်။ ခြေဖျားတွေ အေးနေတာမို့ ဒူးပိုက်ပြီး ဆွဲယူလိုက်ရတယ်။ တစ်ကိုယ်လုံး ချမ်းနေတာပေမယ့် ရင်ထဲမှာ ငရဲမီးနဲ့ ပက်ခံထားရသလို ပူလောင်လွန်းအားကြီးပါတယ်။

အသက်ရှူသံတွေက နှေးကွေးလေးလံနေကာ လည်ချောင်းတွေ နှာဖျားတွေ ကျင်စူးစို့တက်လာတယ်။ အသံထွက်ပြီးရှိုက်မိတဲ့ အသက်ရှူသံ အဆုံးမှာ မျက်အိမ်ထဲက တိမ်ဆိုင်တွေ ပြိုကျတယ်။

Never be mine: AgainWhere stories live. Discover now