again.

610 42 12
                                    

that you never need me again.

ကိုယ်ကို့ မင်းဘယ်တော့မှ မလိုတော့ဘူးဆိုတဲ့ ခံစားချက်မျိုးပဲ..


နောက်ထပ် တစ်နှစ်ကျော် ကြာပြီးတဲ့အချိန်။ အရာအားလုံး နေသားကျသွားမယ်ထင်ခဲ့ပေမယ့် မျှော်လင့်နေမိတုန်းပါပဲ။ မေလအလယ်မို့ အပူပြင်းတယ်။ ဟွန်းဒယ်မှာ သစ်သားအိမ်ကော်ဖီဆိုင်လေးထဲ ထိုင်ခဲ့ကြတာကို သတိရရင်း နောက်တစ်ကြိမ်ရောက်အောင်လာဖြစ်ခဲ့တယ်။

ကော်ဖီဆိုင်ရဲ့အပြင်အဆင်တွေမှာ ဘာမှမပြောင်းလဲသေးဘဲ။ ခရမ်းရောင်၊ မီးခိုးနု၊ စိမ်းပြာ၊ အပြာနုနုအရောင်တွေကို ခြယ်သထားတဲ့ နံရံလေးတွေမှာ ရေလှိုင်းအတွန့်လေးတွေ ရေးဆွဲထားတာက စိတ်ကို ငြိမ်းမြနေစေတုန်းပဲ။

ဒီ ရေလှိုင်းလေးတွေကို သိပ်သဘောကျလို့ သူတို့အတူနေတဲ့ အခန်းနံရံတွေမှာတောင် ဆင်တူရိုးမှား ရေလှိုင်းလေးတွေ ခြယ်သခဲ့ကြတာ သူတို့ကိုယ်တိုင်ပဲ။ အမှတ်တရတွေ ဒီလောက်များတာပါလား။ ပြန်တွေး ကြည့်တော့ သူတို့ သိပ်ချစ်ခဲ့ကြတာ မဟုတ်လား။

ကော်ဖီဆိုင် လှလှလေးကနေ အပြင်ကို ထွက်လိုက်တာနှင့် အဖြူရောင်လှိုင်းကွပ်တွေရောတဲ့ စိမ်းပြာရောင်ပင်လယ်ပြင်ကို မြင်ရတယ်။

"လွမ်းတယ် .. ဒီနေ့လည်း"

ကမ်းခြေတစ်လျှောက် ဖြေးဖြေးချင်း လှမ်းလာတော့လည်း တွဲရမယ့်လက်တစ်ဖက်နေရာက လွတ်နေတယ်။ နှစ်ယောက်ရှိခဲ့ဖူးတဲ့ နေရာတွေကို ပြန်သွားတိုင်း ပြည့်စုံမှုကို မခံစားရတော့ပါဘူး။ ဟိုနားက လိုနေလိုက်၊ ဒီနေရာက ဟာနေလိုက်ဖြင့် အရာအားလုံး ကမောက်ကမပဲ။

'နွေရာသီတိုင်း ဒီကို ပြန်လာကြမယ် အီသန်' လှိုင်းပုတ်သံ တိုးညင်းညင်းနှင့်အတူ ဒီ အသံဖျဖျက နားထဲ တိုးဝင်လာတယ်။ လွမ်းတယ်။ သတိရတယ်။ ဒါပေမယ့် အပြစ်ရှိတဲ့လူတွေက အပြစ်ကို ခံရတာပဲလေ။ သူက ဘာမှ မတတ်နိုင်ဘူး လွမ်းရုံအပြင် .. သတိရရုံအပြင်။

လေညင်းဝေ့တဲ့အချိန်မှာ ခေါင်းမော့လိုက်တဲ့အခိုက် သူ့မျက်ရည်တွေ ပါသွားတန်ကောင်းရဲ့။ လွမ်းတယ်ဆိုတဲ့ အရသာက မကောင်းဘူး။ ခါးတာမှ တူးလို့ပဲ။ ပြေးတွေ့လို့ မရနိုင်တဲ့အခါမျိုးမှာ ပိုဆိုးတယ်။

Never be mine: AgainWhere stories live. Discover now