"ဆောင်းဟွန်းနဲ့သူ့အမေကို သူ့အဖေက ထားပစ်ပြီး ထွက်သွားခဲ့တာလေ အကြောင်းပြချက်တောင် မပေးခဲ့ဘူး"
"အို .. ဒီကလေးက ဒီလောက်ချစ်စရာလေးကို အဖေက ထားပစ်ရက်နိုင်ခဲ့တာလား"
"မောင်နှမလည်း မရှိဘဲ ဒီကလေး အထီးကျန်နေရှာမှာ သူ့အမေကလည်း နေ့နေ့ညည အလုပ် .."
ရှင်သန်လာတဲ့ တစ်လျှောက်လုံး လူအများသိတာက ဆောင်းဟွန်းဆိုတာ အဖေဆီက ထားပစ်ခံခဲ့ရသည့် ကလေး။ ဝမ်းနည်းရုံကလွဲ အများကြီး နားမလည်ခဲ့။
သူငယ်ချင်းတွေ မဟုတ် .. အတန်းဖော်တွေထံက သူ စွန့်ပစ်ခံရကြောင်းကို နှစ်တွေကြာအောင် စနောက်ခံရသည့် ကောင်ငယ်လေး။ သူ ပျောက်ကွယ်သွားချင်မိခဲ့တဲ့ အပိုင်းအခြား။
အမေ့ဆီက မအားလပ်တဲ့ အချိန်တွေကို တောင့်တနေတဲ့ ဆယ်ကျော်သက်လေး။
မရနိုင်မှန်းသိလို့ မမျှော်လင့်မိဖို့ ကြိုးစားခဲ့ရတဲ့ အရွယ်။သူ့ အသက် ဆယ့်ရှစ်နှစ်
"ဟေ့ ဘာလို့ငိုနေတာလဲ ဝမ်းနည်းစရာရှိလို့လား ငါ နားထောင်ပေးမယ်လေ"
"ဟင် .. မဟုတ် မဟုတ်ဘူး မင်းက ဘယ်သူလဲ"
"အီသန် မနှစ်က ကျောင်းပြောင်းလာတာ သိလား"
"ဟင့်အင်း"
ကလေး မဆန်မိဖို့ ကြိုးစားသည့်တိုင် ဆောင်းဟွန်းက ကလေးသာသာပါ။ လေသံ တိုးတိုးလေးနဲ့ ခေါင်းယမ်းလိုက်တယ်လေ။
အဲ့ဒီ့နေ့က ဆောင်းဟွန်းအတန်းထိ အီသန်က ပြန်လိုက်ပို့ခဲ့တာ။ နှစ်မိနစ်လောက် လျှောက်ခဲ့ရတဲ့ကော်ရစ်ဒါမှာ မတော်တဆ လက်လေးတွေ ထိသွားတိုင်း သူ့ရင်ထဲ မူမမှန်ခဲ့တာ။ သဘောကောင်းပြီး ချိုသာတဲ့ အီသန်နဲ့ ရင်းနှီးခဲ့သည့်အပြင် နောက်တော့ အီသန်က သူ့ကို ချစ်ရေးဆိုခဲ့တယ်။
YOU ARE READING
Never be mine: Again
FanfictionHeeHoon// releasing a hand that you wanna ever hold. song - Falling ~ Cardigan mashup