Chapter 17
Sue Xing NwaySeptember 04, 2023🐹 အခန်း ၁၇ ဝူယိလေးက စွမ်းအင်နဲ့ ခွန်အားကို အသုံးပြုလိုက်တယ်
တောင်လှုပ်ခတ်မှု ပြင်းအားပမာဏကြောင့် လူတိုင်း တုန်လှုပ်သွားသော်လည်း တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားလာကြသည်။ စွမ်းရည်ပိုင်ရှင်များ သန်မာလာကြမည်ဆိုလျှင် ဇွန်ဘီများအား ရှင်းထုတ်ရန် ပိုမိုလွယ်ကူလာနိုင်မည် မဟုတ်ပါလော။
ထိုသို့ဆိုလျှင် ကမ္ဘာပျက်ကပ်ကြီး အဆုံးသတ်ရန် နီးကပ်လာသည်ဟု ဆိုလိုခြင်းများလား။
“အရမ်းမိုက်တာပဲ.. ဟောလိဝုဒ် စူပါဟီးရိုးကားတွေထဲက အတိုင်းပဲ..”
“အားးး အရမ်းမိုက်တယ်လို့.. မိုးကြိုးနတ်ဘုရားတူနဲ့ တောင်ခွင်းပုဆိန်..” ٩(^ᗜ^ )و ´-
ကျောင်းသားငယ်လေးများသည် အဝေးရှိ တောင်ပေါ်မှ အက်ကွဲရာကြီးများနှင့် ချိုင့်ကြောင်းကြီးများကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် စကားပြောနေကြသည်။ ကျောင်းသားလေးများသည် လေးစားအားကျမှု ပြည့်နေသည့် မျက်လုံးတောက်တောက်လေးများဖြင့် ကြည့်လို့နေသည်။
သို့သော်လည်း ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့၏ ခန္ဓာကိုယ်များမှာ ခွန်အားကုန်ခန်းလို့နေပြီ ဖြစ်သည့်အတွက် မြေပြင်ပေါ်တွင် ငါးဆားနယ်များကဲ့သို့ လဲလျောင်းကာဖြင့် ရှိနေသည်မှာ ရုပ်ရှင်ထဲမှ စူပါဟီးရိုးများဖြစ်ရန် ဝေးကွာလွန်းလှသည်။
“စကားပြောနေတာ ရပ်ပြီး.. ငါ့ကို လာကူပါဦး.. အာ့..”
ရှဲ့ကျွင်းသည် မြေပြင်ပေါ်တွင် လဲလျောင်းကာဖြင့် ညည်းညူလို့နေသည်။
“ငါ့ဆီကို အမြုတေ နှစ်ခုလောက်ပဲ ပစ်ပေးလိုက်.. စကားဆက်ပြောဖို့တောင် အားမရှိတော့ဘူး..”
ရှောင်ဝူယိသည် ရှဲ့ကျွင်း၏နံဘေးသို့ ဦးစွာရောက်လာခဲ့သည်။ ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်လက်ထဲသို့ အမြုတေအနည်းငယ် ထည့်ပြီးနောက်တွင် သူတို့၏ လက်မောင်းများကို သူ၏လက်ချောင်းလေးများဖြင့် ပုတ်လိုက်ပြီး မျက်လုံးများမှာလည်း တလက်လက် တောက်ပလို့နေသည်။

BẠN ĐANG ĐỌC
Boss Baby ဟမ်းစတားလေး ဝူယိ
Tiểu Thuyết ChungTitle - A Filthy Rich Hamster In Apocalypse 🐹 ကမ္ဘာပျက်ကပ်ထဲက ဟမ်းစတားသူဌေးလေး Description ဟမ်းစတားလေး : "ဒယ်ဒီ.. ဒယ်ဒီ.. ဝူယိလေးမှာ အစာတွေရှိတယ်.. ဒါတွေအားလုံး ဒယ်ဒီ့အတွက်ပဲ.. ဝူယိလေးကလည်း ဒယ်ဒီ့အတွက်ပဲ.." ဝူယိ (မေလတစ်ရက်နေ့) သည် ချုံချုံ (နံစော်...