Chapter 68
November 27, 2023🐹အခန်း ၆၈
ဝူယိလေးနှင့် ဇွန်ဘီပိုင်မေ့
ရေသားရဲဇွန်ဘီများ၏ နှောင့်ယှက်မှု မရှိသဖြင့် အပြန်ခရီးစဉ်မှာ လွန်စွာချောမွေ့ခဲ့သည်။ တစ်ဖက်ကမ်းသို့ ညမတိုင်မီ ပြန်ရောက်ရန် စီစဉ်ထားပြီး ဟိုင်ချန်သို့ အလာခရီးနှင့် နှိုင်းစာလျှင် များစွာအချိန်ကုန်သက်သာသည်။
သို့သော်လည်း နောက်တစ်နေ့ နံနက်တွင် နောက်ထပ် ခွဲခွာခြင်းနှင့် ကြုံရပြန်သည်။ ဒေါက်တာဝေ့ဟန်မင်၊ ပိုင်ယွဲ့နှင့် အခြားသိပ္ပံပညာရှင်များသည် မြို့တော်အခြေစိုက်စခန်းနှင့် ဝူယိအခြေစိုက်စခန်း မည်သည့်နေရာသို့ သွားရမည်ကို ဆုံးဖြတ်ရခက်နေသည်။
အကွာအဝေးအရ တွက်ချက်မည်ဆိုလျှင် ဝူယိအခြေစိုက်စခန်းမှာ အနီးဆုံးဖြစ်သော်လည်း မြို့တော်အခြေစိုက်စခန်းသည် သိပ္ပံနည်းကျ လေ့လာစမ်းသပ်မှုများ ပြုလုပ်ရန် အချိန်အတော်ကြာ ပြင်ဆင်ထားပြီး ဖြစ်သောကြောင့် နောက်ဆုံးပေါ်ကိရိယာများ စုံလင်စွာ ရှိလေသည်။ မြို့တော် အခြေစိုက်စခန်း၏ သုတေသန လုပ်ငန်းစဥ်မှာ ဝူယိအခြေစိုက်စခန်းထက် များစွာသာလွန်ပေသည်။
သာလွန်ကောင်းမွန်သော သိပ္ပံသုတေသန လုပ်ငန်းစဉ်နှင့် နှိုင်းယှဉ်လာသည့်အခါ ဝူယိအခြေစိုက်စခန်း၏ အကွာအဝေးနီးသည်ဟူသော အားသာချက်မှာ လုံးလုံးလျားလျား ရှုံးနိမ့်သွားလေသည်။ ထို့ကြောင့် ၏ခရီးစဉ်စတင်ချိန်မှစကာ နျဲ့ရှောင်၊ ဝူချင်ဖုန်းနှင့် အခြားသူများသည် ဝေ့ဟန်မင်နှင့် သူ၏အဖွဲ့သား သိပ္ပံပညာရှင်များအား မြို့တော်သို့ သွားသင့်သည်ဟုသာ မှတ်ယူထားခဲ့သဖြင့် ထိုအကြောင်းနှင့် စပ်လျဉ်း၍ တစ်ခါမျှပင် ဆွေးနွေးခဲ့ဖူးခြင်း မရှိကြပေ။
သို့သော်လည်း အမှန်တကယ် ခွဲခွာရတော့မည့်အချိန်သို့ ရောက်လာသည့်အခါ အဓိကကျ၍ အရေးကြီးသောသူ ပိုင်ယွဲ့သည် လက်ဦးမှုရယူကာ သူ၏ တုံ့ဆိုင်းနေမှုအား ဖော်ပြလာသောကြောင့် လူတိုင်း၏ ကနဦး ကြိုတင်စီစဉ်မှုများအား ကမောက်ကမ ဖြစ်စေသည်။
VOCÊ ESTÁ LENDO
Boss Baby ဟမ်းစတားလေး ဝူယိ
Ficção GeralTitle - A Filthy Rich Hamster In Apocalypse 🐹 ကမ္ဘာပျက်ကပ်ထဲက ဟမ်းစတားသူဌေးလေး Description ဟမ်းစတားလေး : "ဒယ်ဒီ.. ဒယ်ဒီ.. ဝူယိလေးမှာ အစာတွေရှိတယ်.. ဒါတွေအားလုံး ဒယ်ဒီ့အတွက်ပဲ.. ဝူယိလေးကလည်း ဒယ်ဒီ့အတွက်ပဲ.." ဝူယိ (မေလတစ်ရက်နေ့) သည် ချုံချုံ (နံစော်...