Chapter 46

2.3K 269 2
                                    

Unicode

Road showကျင်းပတဲ့နေရာက ဟိုတယ်နဲ့ မဝေးဘဲ ထိုနေရာဆီ လမ်းလျှောက်သွားဖို့ ဆယ့်ငါးမိနစ်ခန့်သာ ကြာတယ်။

တိုက်ခတ်လာတဲ့ အေးစက်စက်လေက နှင်းပွင့်တွေနဲ့ ရောနှောသွားကာ ဆောင်းရာသီရဲ့ ထူးခြားတဲ့ ရင်ခုန်စရာအငွေ့အသက်ကို သယ်ဆောင်လာပေးတယ်။

မိုးက မြို့ကိုဆေးကြောလိုက်တယ်။၎င်းက စည်ကား သိုက်မြိုက်တဲ့မြို့လေးဖြစ်ပြီး ကြွယ်၀ချမ်းသာတဲ့သီးခြားကမ္ဘာလေးဖြစ်ပေမဲ့ ထီး အောက်မှာရှိနေတဲ့ကမ္ဘာကြီးကတော့ တိတ်ဆိတ် ငြိမ်သက်လှတယ်။

မိုးတဖြည်းဖြည်းကြီးလာပေမယ့် ကုမျန်က သူမရဲ့ခြေထောက်ကလွဲလို့ ရေမစိုခဲ့ဘူး။ ဟိုတယ်ကိုရောက်တဲ့အခါ ကုမျန်က သူမရဲ့ခြေထောက်ကို လှုပ်ယမ်းလိုက်တယ်။ လမ်းက ရေတွေပြည့်နှက်နေပြီး သူမရဲ့ဖိနပ်ကတော့ လုံး၀စိုစွတ်နေခဲ့ပြီ။ ခြေထောက်ကို လှုပ်ယမ်းလိုက်ပြီးနောက် လော့ချယ်ရဲ့ကုတ်အင်္ကျီရှည်က ရေစိုနေတယ်ဆိုတာကို သူမ သိလိုက်ရတယ်။

သူ့ရဲ့ကုတ်အင်္ကျီက အနက်ရောင်ပင်။ သိပ်မသိသာပေမယ့် အခုအချိန်မှာတော့ ကုတ်အင်္ကျီဆီကနေ အဆက်မပြတ် ရေတစက်စက်ကျနေတယ်။

ခဏကြာ‌ပြီးနောက် သူရပ်နေတဲ့နေရာမှာ ရေအိုင်ငယ်တစ်ခုတောင်ဖြစ်နေပြီ။

ကုမျန်က နှုတ်ခမ်းကိုစု၀ိုင်းလိုက်ပြီး သူ့အဝတ်အစားဆီ လက်ညှိုးထိုးလိုက်ကာ"ရှင့်ရဲ့ ....အင်္ကျီကစိုသွားပြီ..."

လော့ချယ်က ရေတစက်စက်ကျနေတဲ့ထီးကို ပလပ်စတစ်အိတ်ထဲထည့်ဖို့ ကူညီပေးနေတဲ့ ဘေးဘက်ကဝန်ထမ်းကို ကမ်းပေးလိုက်တယ်။

သူ့လေသံက ပေါ့ပေါ့ပါးပါးပင်။"အဆင်ပြေပါတယ်"

သူက ကုတ်အင်္ကျီကို တိုက်ရိုက်ချွတ်လိုက်ပြီး အတွင်းထဲမှာ ဝတ်ထားတဲ့ မီးခိုးရင့်ရောင်ဆွယ်တာအင်္ကျီကို ပြသလိုက်ကာ ကုတ်အင်္ကျီကို သူ့လက်ပေါ် တင်ထားလိုက်တယ်။

လော့ချယ်က အရပ်ရှည်တယ်။ သူ့လက်ထဲက ကုတ်အင်္ကျီရှည်က သူ့ကို ပိုချောမောစေတယ်။

သူတို့နောက်မှာ ကျန်နေခဲ့တဲ့ ရှောင်ကျူးကလည်း လော့ကျစ်ယွီနဲ့အတူ ရောက်လာခဲ့တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now