Jaejoong တစ်ယောက် အိမ်ဝမှာ.. နေရင် Yunho ပြန်အလာ ကို စောင့် နေလေ၏..သူ့အဖို့ တော့.. ညနေတိုင်း.. Yunho ကို စောင့်မျှော်ရတာ အလုပ်တစ်ခုပင်....
"Hyung ကလည်း ည ၁၀နာရီ တောင် ကျော်နေပြီ...ခုထိ ပြန်မလာသေးဘူး..."
Jaejoong က.. တစ်ယောက်တည်း.. စိုးရိမ်စွာ ရေရွတ်လိုက်သည်။..
အချိန် အတော်ကြာတော့.....
"Jae....ah...."
"Yun....Yunho....hyung...!!"
Jaejoong တစ်ယောက် ယိုင်နဲ့သောခြေလှမ်းများဖြင့်ပြန်လာသော Yunhoဆီသို့အပြေးသွားလေ၏..
"Hyung!..ဘယ်လိုဖြစ်လာတာလဲ..."
Yunho၏ ပုခုံးမှ ဒဏ်ရာအား သတိထားမိ၍ စိုးရိမ်တကြီးနှင့်မေးလိုက်သည်။
"အိမ်ထဲရောက်မှပြောကြတာပေါ့"
"Nae....hyung...လာ..ကျွန်တော်တွဲပေးမယ်..."
.Jaejoong က ပြောရင်း.အိမ်ထဲသို့တွဲခေါ်သွားလေ၏.။
အိမ်ထဲသို့ရောက်တော့...
"Hyung..ဒီမှာခဏထိုင်နှင့် ဦး...."
Jaejoong က Yunho ဒဏ်ရာကိုဆေးထည့်ရန် ဆေးသေတ္တာကို..အပြေး သွားယူလေ၏..။
~Ring~ ~Ring~ ~Ring~
Jaejoong အခန်းထဲ ၀င်သွားချိန်မှာပင်...Yunho ဆီသို့ ဖုန်းဝင်လာသည်။....
"Hello.,အကိုလေး ခုဘယ်မှာလဲ...အဆင်ပြေ ရဲ့လား..."
"ငါ ဘာမှ မဖြစ်ဘူး ခုအိမ်ပြန်ရောက်နေပြီ...
ဒဏ်ရာ ရသွားတဲ့သူတွေသာ သေချာဂရုစိုက်လိုက်...""ဒါဘဲ ..ငါ.နောက်မှပြန်ဆက်လိုက်မယ်..."
Yunho က Jaejoong ၀င်လာသည်ကို မြင်သည်နှင့် ချက်ချင်း ဖုန်းချလိုက်သည်။
"Ahhh!!!!!...."
"နာသွားလားHyung... mianh..."
Jaejoong က ဒဏ်ရာကို ဂရုတစိုက် ဆေးထည့်ပေး နေသဖြင့်..သူ့အားငေးကြည့်နေသော Yunho၏ မျက်လုံးတစ်စုံအား သတိမထားမိပေ။
"ဒဏ်ရာက ဘယ်လိုဖြစ်ပြီး ရလာတာလဲ..Hyung..??"
"......"
"Hyung .!!
"Umm...အလုပ်ထဲ မှာ မတော်တဆထိမိတာ..."
Jaejoong က Yunho ဖြေသော စကားအား သဘောမကျ သော်လည်း Yunho ၏ပင်ပန်းနွမ်းလျသော ပုံစံအား မမြင်ရက်၍ ဆက်မမေးဘဲထားလိုက်၏။

VOCÊ ESTÁ LENDO
Love Can Change Everything
Fanficအချစ် ဆိုတာကြောင့် သွေးအေးရက်စက် တတ်တဲ့ ကောင်လေးတစ်ယောက် ပြောင်းလဲခဲ့တယ်... အဲ့ဒီ အချစ်ကြောင့်ပဲ ဖြူစင် အေးချမ်းလှပါတယ် ဆိုတဲ့ ကောင်လေးတစ်ယောက်လည်း ပြောင်းလဲခဲ့တယ်.... အရာရာ ပြောင်လဲ ခဲ့ပေမယ့် .... သူတို့ရဲ့ အ...