Jaejoong ၏ ညဉ်းသံ ကြောင့် သူ့ ၏နံဘေးတွင်အိပ်ပျော် နေသော Yunho နိုးလာသည်။..
"Oh Jae ...! သတိရပြီလား....
အဆင်ပြေ ရဲ့လား ..? .ဒဏ်ရာက.အရမ်းနာနေလား..?"Yunho က စိုးရိမ်ပူပန်စွာ မေးခွန်းများ တစ်ခုပြီးတစ်ခုမေးတော့၏..
Jaejoong က ခေါင်း ကိုသာ အသာငြိမ့်ပြ၏.
နှုတ်ခမ်းကို အသာကိုက်လျက်..နာကျင်မှု ကိုကျိတ်မှိတ်ခံ နေ သော..Jaejoong အားYunho..မကြည့်ရက် ဖြစ်ရလေ၏...
"Mianhae...jaejoong.ah..
ကိုယ့်အတွက် နဲ့ မင်း ဒီလောက်တောင် ခံစားနေရလို့.""စိတ်မပူ ပါနဲ့ ကျွန်တော်အဆင်ပြေပါတယ်.."
Jaejoong က ဖျော့တော့စွာ ပြုံးရင်း ပြောလိုက်သည်။.
"အဆင်ပြေတယ်လို့ သာ ပြောနေတာကိုယ့်မျက်နှာလည်း ကိုယ်ပြန်ကြည့်ဦးသွေးရောင် တောင်မရှိတော့ဘူး ဖြူဖတ်ဖြူရော်နဲ့..."
"ဒီမှာနေလို့ မဖြစ်ပါဘူး..ဆေးရုံသွားကြရအောင်..."
Yunho က တိုက်တွန်းသော်လည်း Jaejoong က အတင်းအကြပ် ငြင်းလေ၏..
"ဟင့်အင်း..ဟင့်အင်း..ဆေးရုံ သွားလို့မဖြစ်ဘူး.."
"ဘာဖြစ်လို့လဲ.. Jae..ရဲ့.."
"ဆေးရုံ သွားရင် သူတို့တွေက ဒဏ်ရာ ဘယ်လို ရတာလဲဆိုပြီး မေးကြလိမ့်မယ်.."
"ပြီးတော့ ဒဏ်ရာ က ကျည်မှန်တာဆိုတော့..Hyung ကို စစ်လားမေးလား တွေလုပ်ကုန်မှာပေါ့.."
"မေးတော့ ရော ဘာဖြစ်လဲ..Hyung ကဖြေလိုက်မှာပေါ"့
" တော်ကြာ..Hyung တို့ အလုပ်ကို သိသွားရင် ဘယ်လို လုပ်မလဲ.."
"ဘာလို..??
Jaejoong ၏ စကားကြောင့် Yunho တုန်လှုပ် သွား၏..
သူတို့ အလုပ်နဲ့ ပတ်သက်ပြီး.. Jaejoong ကို.ဘာမှ မရိပ်မိဘူး လို့ပဲ သူ ထင်ခဲ့တာ....ခုတော့..
Yunho ၏ စိုးရိမ်နေသော မျက်နှာကို ကြည့်ပြီးJaejoong ပြုံးလိုက်ရင်း..
"ဒီ လောက် အချိန် အတော်ကြာ အတူနေလာတာ..Hyung တို့  ဘာအလုပ်လုပ်တယ်ဆိုတာအတိအကျ မသိပေမယ့် မှန်းဆ ကြည့်လို့ရပါတယ်.."
YOU ARE READING
Love Can Change Everything
Fanfictionအချစ် ဆိုတာကြောင့် သွေးအေးရက်စက် တတ်တဲ့ ကောင်လေးတစ်ယောက် ပြောင်းလဲခဲ့တယ်... အဲ့ဒီ အချစ်ကြောင့်ပဲ ဖြူစင် အေးချမ်းလှပါတယ် ဆိုတဲ့ ကောင်လေးတစ်ယောက်လည်း ပြောင်းလဲခဲ့တယ်.... အရာရာ ပြောင်လဲ ခဲ့ပေမယ့် .... သူတို့ရဲ့ အ...