"Hyung.. အပြင်သွားမလို့လား...."
Jaejoong က အပြင်သွားရန် ပြင်ဆင်နေသောYunho အား ကြည့်ရင်း လှမ်းမေးလိုက်သည်။..
"အင်း...ဒီနေ့နောက်ကျမယ်.."
"Hyung ကို မစောင့်နဲ့တော့ ညစာ အပြင်မှာဘဲစားမှာ.."
"ဘာလဲ.. ဟိုတစ်ယောက် ကို သွားတွေ့မလို့လား.."
"အင်း.."
"Hyung တို့ နှစ်ယောက်က..တွဲ.နေကြတာလား..."
"Jae ကလည်း မိတ်ဆွေ တွေပါဆိုနေ.."
"သွားပြီနော်...အိမ်မှာ.လိမ်လိမ်မာမာ နေ..
တစ်ယောက်တည်း ဘယ်မှ လျှောက်မသွားနဲ့..."Yunho က ပြောပြောဆိုဆို နှင့် ထွက်သွားသည်။..
ထွက်သွား သော...Yunho ၏.ကျောပြင်ကို ငေးရင်းဘာကိုမှန်း မသိ ၀မ်းနည်းနေမိ၏...
Jaejoong တစ်ယောက် တစ်နေ့ကုန်လုံးYunho အကြောင်း တွေးရင်းစိတ်မအေး နိုင်ဖြစ်နေတော့၏..
Hyung တော့ အဲ့မိန်းမနဲ့ နေလယ်စာအတူတူ များစားနေတာများလား
ဘယ်ကိုများ အတူတူ လျှောက်လည် နေကြလဲ မသိဘူး
ဘာလို့ များခုထိပြန် မရောက်သေးပါလိမ့် ...
အလိုလို နေရင်း ဘာကိုမှန်းမသိ စိုးရိမ်ပူပန် နေမိ၏..
သူရဲ့.. Yunho အပေါ်မှာ ထားတဲ့ စိတ်တွေကရော..ရိုးသားရဲ့လား.. မဝေခွဲနိုင်.....
Yunho အိမ်ပြန် ရောက်လာတော့ အိမ်ရှေ့ မှာငေးငေးငိုင်ငိုင် နဲ့ ထိုင် နေတဲ့ Jaejoong ကိုတွေ့လေသည်။..
"Jae..အိပ်သေးဘူးလား .."
"ညဥ့်နက်နေပြီလေ ..
.ဘာလဲ ..Hyung ကို စောင့်နေတာလား""သူနဲ့ သွားတွေ့နေလို့ အခုချိန်မှ ပြန်လာတာလား.."
"အင်း အဲ့ဒါလဲ ပါတာပေါ့ ပြီးတော့ တစ်ခြားကိစ္စလေးတွေလည်းရှိသေးတယ်.."
.......
" Hyung......"
"Mmmn....?"
့"ဘယ်လိုလုပ်ရမလဲ. ..Hyung....."
"ကျွန်တော် တော့ Hyung ကို ချစ်မိနေမိပြီထင်တယ်..."
Jaejoong က Yunho မျက်နှာကို.. စေ့စေ့ကြည့်ပြီးပြောလိုက်၏..
STAI LEGGENDO
Love Can Change Everything
Fanfictionအချစ် ဆိုတာကြောင့် သွေးအေးရက်စက် တတ်တဲ့ ကောင်လေးတစ်ယောက် ပြောင်းလဲခဲ့တယ်... အဲ့ဒီ အချစ်ကြောင့်ပဲ ဖြူစင် အေးချမ်းလှပါတယ် ဆိုတဲ့ ကောင်လေးတစ်ယောက်လည်း ပြောင်းလဲခဲ့တယ်.... အရာရာ ပြောင်လဲ ခဲ့ပေမယ့် .... သူတို့ရဲ့ အ...