Chapter 25နောက်တစ်နေ့တွင်ကျင်းပမည့် ထိပ်ဆုံးနေရာအတွက်တိုက်ပွဲက ဂိုဏ်းထဲမှလူအားလုံး၏ အာရုံစိုက်မှုကို ရရှိထားသည်။ နှစ်ဖက်လုံးက အင်အားချင်းညီမျှသည့်အတွက် အချိန်အတန်ကြာအောင် တိုက်ခိုက်နေပြီး ကြည့်ရှု့သူများကို အံ့အားသင့်သွားစေနိုင်သည့် များပြားလှသည့် မန္တန်များကို ထုတ်ပြနေသည်။
အကြီးအကဲများနေရာတွင်ထိုင်နေသော စုပိုင်ချယ့်၏ အကြည့်က အနည်းငယ်ပြောင်းလဲသွားသည်။
ထုံရှီးကပြောလိုက်သည်။
" ကျိုးရွှမ်လန် အမှားလုပ်တော့မယ်..."
[ ကိုယ့်စိတ်ထင်ပြောရရင် ထုံရှီးက ဝိညာဉ်လိုမျိုးပဲထင်တယ်၊ စုပိုင်ချယ့်တစ်ယောက်တည်းကပဲ သူ့အသံကိုကြားရမြင်ရတာမျိုးဖြစ်လောက်ပါတယ်၊ ပြီးတော့ ယောကျာ်းမိန်းမဆိုတာလည်း မပြောထားတဲ့အပြင် စုပိုင်ချယ့်ကလည်း သူခိုင်းတဲ့အတိုင်းလုပ်ပေမယ့် သူ့ကိုကြောက်နေရတာမျိုးမဟုတ်လို့ လောလောဆယ် မင်းနဲ့ငါ လို့ပဲ သုံးနှုန်းထားလိုက်ပါတယ် ]
" ဘယ်သူကမှ သူ အနိုင်ရမယ့်လို့မထင်တဲ့ ဒီလိုအင်အားကြီးပြိုင်ဘက်မျိုးနဲ့ တိုက်ခိုက်နေရတဲ့အချိန်မှာ မင်းက သူ့ကိုယုံကြည်ပြီး သူ့ဘက်ကရပ်တည်ပေးရမယ်၊ ဒီတစ်ကြိမ်တော့ မင်း သူ့ရင်ထဲကို ရောက်နိုင်မှာပါ..."
စုပိုင်ချယ့်က အေးတိအေးစက်ဖြင့် နှာမှုတ်လိုက်သည်။
" ရှင်းအောင်တော့ပြောထားမယ်နော် ဒီတစ်ခါက မင်းရဲ့စကားကိုနားထောင်တာ နောက်ဆုံးအကြိမ်ပဲ..."
သူ ချောင်းဟန့်လိုက်သည်။
ထိုအခိုက်အတန့်တွင် ရင်ပြင်ပေါ်မှ အံ့ဩတကြီး အော်သံတစ်သံ ထွက်ပေါ်လာသည်။
ကျိုးရွှမ်လန်က ရုတ်တရက် အမှားလုပ်လိုက်မိသောကြောင့် မရေမတွက်နိုင်သော ဓားချီဓာတ်များပါဝင်သည့် လက်ဖဝါးတစ်ချက်က သူ့ကိုထိသွားသည်။ သူ ဤတစ်ကြိမ်တွင် မရှောင်လိုက်နိုင်သောကြောင့် မြေပြင်ပေါ် ဘုန်းခနဲ လဲကျသွားသည်။

YOU ARE READING
ပန်းလေးလိုလှတဲ့ ရှစ်စွမ်း
RomanceBL Novel အသစ်လေး Update ထားပါတယ်ရှင့် ❤️❤️ paid GP လေးဝင်ချင်ရင်လည်း အောက်ကလင့်လေးနှိပ်ပြီး ဝင်လို့ရပါတယ်ရှင့်🥰🥰 IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Translations Page ကို ဆက်သွယ်ပေးပါရှင်...👇👇👇 ht...