Chapter 29" ဂိုဏ်းချုပ်..."
စုပိုင်ချယ့် အလွန်ဒေါသထွက်နေသောကြောင့် စကားကိုရှင်းရှင်းလင်းလင်းမပြောနိုင်တော့ပေ။
" ဘာလို့ အင်မော်တယ်ရှန်းကို ကျွန်တော့်အစား စွန့်စားခိုင်းလိုက်တာလဲ... ကျွန်တော့်ကိုပဲ ဖမ်းခေါ်သွားခွင့်ပြုလိုက်ရင် ရနေတာကို..."
သူက ဒီတစ်မနက်လုံး အသည်းအသန်ကြိုးစားထားပြီးတော့ နန်ယောင်ချွမ်ရဲ့လက်ထဲရောက်အောင်အထိ မနည်းတိုက်ဆိုင်အောင် လုပ်ထားရတာလေ... အဲဒါမှ နတ်ဆိုးဘုံကိုရောက်သွားပြီး သောင်းနဲ့ချီတဲ့လူတွေရဲ့အထက်မှာ သက်တောင့်သက်သာနေနိုင်မှာကို...
ဒါပေမဲ့ အခုတော့ သူကြိုးစားကြံစည်ခဲ့ရတဲ့ ကိစ္စကြီးက မစခင်မှာတင် ပျက်စီးသွားပြီ...
လင်ယဲ့ သူ့ကိုလွှတ်ပေးလိုက်သည်။
" ငါ့ရဲ့ ဆရာတူညီလေးကို မင်းစိုးရိမ်နေတယ်ဆိုတာ ငါသိပါတယ်... ဒါပေမဲ့ မင်း စိတ်ချလက်ချ နေလို့ရပါတယ် နန်ယောင်ချွမ်က သူ့ကိုဒုက္ခပေးမှာ မဟုတ်ဘူး..."
ဘယ်သူက သူ့ကို စိုးရိမ်တာလဲ... သူကံကောင်းမှာကို ငါက ဖျက်ဆီးပစ်ချင်နေတာလေ...
စုပိုင်ချယ့် အံတင်းတင်းကြိတ်ထားပြီး အသိစိတ်လွတ်လုနီးနီးဖြစ်လာကာ သူ့မျက်နှာတစ်ခုလုံးကို ချက်ချင်းဆုတ်ဖြဲပစ်ချင်စိတ် ပေါ်လာသည်။
ထုံရှီးက သူ့ကို အဆက်မပြတ်သတိပေးနေသည့်အခါမှသာ သူ့စိတ်တည်ငြိမ်သွားပြီး လေသံက တဖြည်းဖြည်းပျော့ပျောင်းလာကာ ပြောလိုက်သည်။
" ဂိုဏ်းချုပ် ကျွန်တော် အင်မော်တယ်ရှန်းကိုကယ်ဖို့ နတ်ဆိုးဘုံကို လိုက်သွားပါ့မယ်..."
လင်ယဲ့က ပြန်ဖြေသည်။
" အဲဒီကို ငါသွားမှာပါ..."
သူက ရှန်းလျိုရှန့်၏ကိုယ်ပေါ်တွင် တည်နေရာအာရုံခံသည့်မန္တန်ကို နေရာချပေးလိုက်သောကြောင့် သူ့လှုပ်ရှားမှုများကို အာရုံခံနိုင်ပေသည်။ ယခုအချိန်တွင် သူတို့နှစ်ယောက်လုံး နတ်ဆိုးဘုံရှိရာသို့ ဦးတည်သွားနေကြသည်။

KAMU SEDANG MEMBACA
ပန်းလေးလိုလှတဲ့ ရှစ်စွမ်း
RomansaBL Novel အသစ်လေး Update ထားပါတယ်ရှင့် ❤️❤️ paid GP လေးဝင်ချင်ရင်လည်း အောက်ကလင့်လေးနှိပ်ပြီး ဝင်လို့ရပါတယ်ရှင့်🥰🥰 IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Translations Page ကို ဆက်သွယ်ပေးပါရှင်...👇👇👇 ht...