Chapter 30သူ မိုင်တစ်ရာခန့်အထိ ထွက်ပြေးလာခဲ့ပြီးမှ လူအသွားအလာနည်းပါးသည့်နေရာတွက် ရပ်တန့်လိုက်သည်။ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သည့်အခါ တစ်သီးတစ်သန့်ရှိနေသည့် တောအုပ်ကြီးကိုကြည့်ပြီး ငြိမ်ကျသွားမိသည်။
သစ်ပင်တစ်ပင်တွင်မှီလျက် အမောတကော ပင့်သက်ရှိုက်နေပြီး သူ့မျက်နှာထက်တွင် ညစ်ကျယ်ကျယ်အပြုံးတစ်ခု ပေါ်လာသည်။
" သူတို့ကများ ငါ့ကိုမျက်စိဒေါက်ထောက်ကြည့်ချင်သေးတယ်ပေါ့လေ ဟမ့်... ဒီသခင်လေးကို အဲ့လောက်လွယ်မယ်ထင်နေတာလား..."
ခဏနားပြီးသည့်နောက်တွင် သူ ထွက်သွားရန် ပြင်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ့လက်ကောက်ဝတ်ထက်မှ ဝိညာဉ်ချည်နှောင်ကြိုးက ရုတ်တရက် ပူလာသည်ကို ခံစားလိုက်ရသည်။
ကြိုးမှ အနက်ရောင်မြူခိုးများ ထွက်လာပြီးနောက် တဖြည်းဖြည်း ပုံရိပ်တစ်ခုအသွင် ဖြစ်လာသည်။
ရှန်းလျိုရှန့်၏ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်။
နောက်အခိုက်အတန့်တွင် လေထုအလယ်မှ ကြိုးမျှင်များက တင်းကြပ်သွားပြီး မမြင်နိုင်သောအားတစ်ခုက သူ့ကိုတောထဲမှ ဆွဲထုတ်ကာ လူများစွာဖြင့် စည်ကားနေသည့်လမ်းပေါ် တွန်းပို့လိုက်သည်။ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ အမည်မသိ အရပ်မျက်နှာတစ်ခုသို့ ဆွဲခေါ်ခံလိုက်ရသည်။
ထိတ်လန့်တကြားဖြင့် သူ့ရှေ့တွင် ပေါ်လာသည့် အရပ်ရှည်ရှည်လူကို လှမ်းကြည့်လိုက်သည်။ သူက ရှောင်တိမ်းခြင်းမပြုဘဲ လမ်းအလည်ခေါင်တည့်တည့်တွင် ရပ်နေသည်။
ဘန်း...
လမ်းမထက်တွင် ချိတ်ဆွဲထားသော ရောင်စုံမီးအိမ်များက လေနှင့်အတူ ယိမ်းနွဲ့နေသည်။
ရှန်းလျိုရှန့်၏ခေါင်းက ထိုလူ၏ တောင့်တင်းကျယ်ပြန့်သောရင်အုပ်ကြီးနှင့် ဝင်တိုက်မိသွား၍ ခေါင်းမူးနောက်နောက်ပင် ဖြစ်သွားသည်။ ထိုအခိုက်အတန့်တွင် သူ့ရှေ့မှလူက သူ့ဂုတ်ပိုးမှ ဆောင့်ဆွဲပြီး သူ့ကိုဆွဲခေါ်သွားသည်။

VOCÊ ESTÁ LENDO
ပန်းလေးလိုလှတဲ့ ရှစ်စွမ်း
RomanceBL Novel အသစ်လေး Update ထားပါတယ်ရှင့် ❤️❤️ paid GP လေးဝင်ချင်ရင်လည်း အောက်ကလင့်လေးနှိပ်ပြီး ဝင်လို့ရပါတယ်ရှင့်🥰🥰 IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Translations Page ကို ဆက်သွယ်ပေးပါရှင်...👇👇👇 ht...